close

မုဒုံမြို့

close

July 27, 2022

မုဒုံမြို့ ၌ စရဖတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကား ဖောက်ခွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ မုဒုံမြို့၊ မြို့မ(၂)ရပ်ကွက်၊ ကျောင်းသစ်ဘုန်ကြီးကျောင်းအနီးမှာ ဇူလိုင် ၂၇ ရက် မနက် ၉ နာရီခွဲလောက်က စစ်ကောင်စီလက်ပါးစေ စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မုဒုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်  သုံး ယောက် ထိမှန်ခဲ့ပြီး သူတို့စီးနင်းလာတဲ့ကားလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နန်းထိုက်အောင် စစ်ဆင်ရေးအရ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းသို့ လုံခြုံစွာ ပြန်လည်ရောက်ရှိပြီလို့ ထုတ်ပြန်ထားပါတယ်။

စရဖတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ကား ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ပေါက်ကွဲမှုကို တမြို့လုံးနီးပါး ကြားရကြောင်းနဲ့ ဖောက်ခွဲခံရတဲ့ကားအောက်မှာ သွေးတွေ အိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စရဖတပ်ဖွဲ့ဝင်တွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် ကောက်ယူသွားပြီး သုံးယောက်စလုံး  အခြေအနေ မကောင်းဘူးလို့ ဆိုပါတယ်။

စရဖတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီးနောက် မုဒုံမြို့နယ်အဝင်အထွက် နေရာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေ စစ်ဆေးနေပါတယ်။

14 mins Ago

June 13, 2022

မုဒုံမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲ

မွန်ပြည်နယ်၊ မုဒုံမြို့၊   မြို့မ ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန် ၁၂ ရက် နေ့လယ် ၁ နာရီလောက်က  ဗုံး နှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဗုံးပေါက်ကွဲမှုက နှစ်ကြိမ်လောက် ပေါက်ကွဲခဲ့တယ်။ လူထိခိုက်မှု ပျက်စီးမှုတော့ လက်ရှိမှာ မသိရှိရသေးသလို  ပေါက်ကွဲမှု အပြီးမှာ စစ်ကောင်စီ တပ်ဘက်က လုံခြုံရေးကို တင်းကျပ်လိုက်တယ်”လို့ ပြောပါတယ်။

မုဒုံမြို့မ ၂ ရပ်ကွက်ရုံးကို Mundon Danger   Fighter  အဖွဲ့နဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တို့က ပထမဆုံးပူးပေါင်းမှုဖြင့် အဝေးထိန်း မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့  တိုက်ခိုက်မှုအပြီးမှာ ထုတ်ပြန်ပါတယ်။

မုဒုံမြို့ရှိ စစ်ကောင်စီနဲ ပတ်သက်နေတဲ့ ဌာနဆိုင်ရာရုံးတွေ၊ စီးပွားရေး ဒေါက်တိုင်တွေအပါအဝင် သတင်းပေးတွေကိုပါ ထပ်မံရှင်းလင်းသုတ်သင်သွားမယ်လို့လည်း  သတိပေးထားပါတယ်။

1 month Ago
Up