close

မုဒုံမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးကွဲ

မွန်ပြည်နယ်၊ မုဒုံမြို့၊   မြို့မ ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန် ၁၂ ရက် နေ့လယ် ၁ နာရီလောက်က  ဗုံး နှစ်ကြိမ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဗုံးပေါက်ကွဲမှုက နှစ်ကြိမ်လောက် ပေါက်ကွဲခဲ့တယ်။ လူထိခိုက်မှု ပျက်စီးမှုတော့ လက်ရှိမှာ မသိရှိရသေးသလို  ပေါက်ကွဲမှု အပြီးမှာ စစ်ကောင်စီ တပ်ဘက်က လုံခြုံရေးကို တင်းကျပ်လိုက်တယ်”လို့ ပြောပါတယ်။

မုဒုံမြို့မ ၂ ရပ်ကွက်ရုံးကို Mundon Danger   Fighter  အဖွဲ့နဲ့ မွန်ပြည်နယ် အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO တို့က ပထမဆုံးပူးပေါင်းမှုဖြင့် အဝေးထိန်း မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့  တိုက်ခိုက်မှုအပြီးမှာ ထုတ်ပြန်ပါတယ်။

မုဒုံမြို့ရှိ စစ်ကောင်စီနဲ ပတ်သက်နေတဲ့ ဌာနဆိုင်ရာရုံးတွေ၊ စီးပွားရေး ဒေါက်တိုင်တွေအပါအဝင် သတင်းပေးတွေကိုပါ ထပ်မံရှင်းလင်းသုတ်သင်သွားမယ်လို့လည်း  သတိပေးထားပါတယ်။

//
Up