တရုတ် တီထွင်သူတွေနဲ့ ဆန်းသစ်တီထွင်သူတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မူပိုင်ခွင့် လျှောက်ထားမှု အရေအတွက် တဖြည်းဖြည်း တိုးလာတာကို အမျိုးသားဉာဏပစ္စည်း မူပိုင်ခွင့် စီမံခန့်ခွဲရေးဌာနက အောက်တိုဘာ ၉ရက်မှာ ထုတ်ပြန်တဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ဖော်ပြ ထားပါတယ်။
၂၀၁၂ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အတွင်း စုစုပေါင်း မူပိုင်ခွင့် ၃ ဒသမ ၉၅၃ သန်းကို တရုတ် နိုင်ငံက အတည်ပြုခဲ့ပြီး နှစ်စဉ် ပျမ်းမျှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။
ဆယ်နှစ်အတွင်း ကုန်သွယ်မှုအမှတ်တံဆိပ် စုစုပေါင်း ၃၅ ဒသမ ၅၆၃ သန်းကို မှတ်ပုံတင်ခဲ့ ပြီး နှစ်စဉ် ပျမ်းမျှ ၂၅ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဉာဏပစ္စည်းမူပိုင်ခွင့် ထိန်းညှိရေးဌာနက ဆိုပါတယ်။
စက်တင်ဘာလကုန်မှာ တရုတ်နိုင်ငံအတွင်း တရားဝင်တီထွင်မှု မူပိုင်ခွင့်စုစုပေါင်း ၄ ဒသမ ၀၈၁ သန်းနှင့် တရားဝင် ကုန်အမှတ်တံဆိပ် ပေါင်း ၄၁ ဒသမ ၅၂၃ သန်းကို မှတ်ပုံတင်ခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ဆန်းသစ် တီထွင်မှု နဲ့ တီထွင်မှု ကနေတစ်ဆင့် ဉာဏပစ္စည်းမူပိုင်ခွင့် အာဏာ အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှု တွေကို မကြာသေးမီနှစ်တွေအတွင်း အရှိန်မြှင့်ခဲ့တာပါ။
ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအညွှန်းကိန်းမှာ တရုတ်ဟာ ၂၀၁၂ ခုနှစ်တွင် အဆင့် ၃၄ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ အဆင့် ၁၁ ထိ မြင့်တက်လာခဲ့ပါတယ်။
ဂျာမနီအပါအ၀င် တချို့ဥရောပနိုင်ငံများက လက်ခံကြပြီး အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် အသိဉာဏ်မူပိုင်ခွင့် ငြင်းဆန်ကြခြင်းကို ပုပ်ရဟန်းမင်းကြီးဖရန့်စစ်က မေ ၈ ရက်မှာ ထောက်ခံအားပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ coronavirus ကြောင့် သေဆုံးခဲ့ရတဲ့ လူပေါင်းများစွာကို အမှတ်ရပေးပြီး တို့တွေဟာ ဈေးကွက်ဥပဒေတွေ၊ အသိဉာဏ်ပစ္စည်းဈေးကွက်တွေ၊ အသိဉာဏ်မူပိုင်ခွင့်တွေပေါ်မှာ လူသားတွေကျန်းမာရေးနဲ့ ချစ်ခြင်းမေတ္တာအတွက် ပိုထာရှိးရမယ်လို့လည်း ဆိုပါတယ်။
ကာကွယ်ဆေးများ တရားမျှတစွာ ရယူသုံးစွဲနိုင်ရေး မြှင့်တင်ဖို့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေ ရှာဖွေရေးပွဲမှာ ဗွီဒီယိုမက်ဆေ့ခ်ျ ပေးပို့လာတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ ကမ္ဘာကြီးဟာ လူတဦးတယောက်ချင်းဆီကနေ ဗိုင်းရပ်စ်တွေ ကူးစက်ခံထားနေရပြီလို့ ထည့်သွင်းပြောကြား သွားပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ခွန်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် မူပိုင်ခွင့်ကာကွယ်မှုကို စွန့်လွှတ်သင့်၊ မသင့် နဲ့ပတ်သက်ပြီး ဆေးဝါးကုမ္ပဏီတွေ ဆွေးနွေးငြင်းခုံနေကြချိန်မှာ ပြောကြား လာတာပါ။
ဒီကိစ္စကို ကျောထောက်နောက်ခံပြု ဆောင်ရွက်နေတဲ့ သမ္မတ ဘိုင်ဒန်ဆီ အိန္ဒိယ၊ တောင်အာဖရိကနှင့်တခြားနိုင်ငံ ၁၀၀ ကျော်မှ ဖုန်းခေါ်ဆိုလာကြပါတယ်။
ဒါပေမယ့် ဂျာမနီနှင့်ပြင်သစ်တို့ ဦးဆောင်တဲ့ ဥရောပနိုင်ငံတွေကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အဆုံးသတ်ဖို့ အဓိက သော့ချက်ဟာ ကာကွယ်ဆေးတွေကို မြန်မြန်ထုတ်လုပ် မြန်မြန်ဝေမျှရေးသာ ဖြစ်တယ်လို့ ပြောပါတယ်။