close

တရုတ်တွင် တီထွင်ဆန်းသစ်မှု မူပိုင်ခွင့်လျှောက်ထားသူ မြင့်တက်

တရုတ် တီထွင်သူတွေနဲ့ ဆန်းသစ်တီထွင်သူတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မူပိုင်ခွင့် လျှောက်ထားမှု အရေအတွက် တဖြည်းဖြည်း တိုးလာတာကို အမျိုးသားဉာဏပစ္စည်း မူပိုင်ခွင့် စီမံခန့်ခွဲရေးဌာနက  အောက်တိုဘာ ၉ရက်မှာ ထုတ်ပြန်တဲ့ နောက်ဆုံးရ ကိန်းဂဏန်းတွေက ဖော်ပြ ထားပါတယ်။

၂၀၁၂ ခုနှစ် ကနေ ၂၀၂၁ ခုနှစ်အတွင်း စုစုပေါင်း မူပိုင်ခွင့် ၃ ဒသမ ၉၅၃ သန်းကို တရုတ် နိုင်ငံက အတည်ပြုခဲ့ပြီး နှစ်စဉ် ပျမ်းမျှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခဲ့တာပါ။

ဆယ်နှစ်အတွင်း ကုန်သွယ်မှုအမှတ်တံဆိပ် စုစုပေါင်း ၃၅ ဒသမ ၅၆၃ သန်းကို မှတ်ပုံတင်ခဲ့ ပြီး နှစ်စဉ် ပျမ်းမျှ ၂၅ ဒသမ ၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဉာဏပစ္စည်းမူပိုင်ခွင့် ထိန်းညှိရေးဌာနက ဆိုပါတယ်။

စက်တင်ဘာလကုန်မှာ တရုတ်နိုင်ငံအတွင်း တရားဝင်တီထွင်မှု မူပိုင်ခွင့်စုစုပေါင်း ၄ ဒသမ ၀၈၁ သန်းနှင့် တရားဝင် ကုန်အမှတ်တံဆိပ် ပေါင်း ၄၁ ဒသမ ၅၂၃ သန်းကို မှတ်ပုံတင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ဆန်းသစ် တီထွင်မှု နဲ့ တီထွင်မှု ကနေတစ်ဆင့် ဉာဏပစ္စည်းမူပိုင်ခွင့် အာဏာ အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းအားထုတ်မှု တွေကို မကြာသေးမီနှစ်တွေအတွင်း အရှိန်မြှင့်ခဲ့တာပါ။

ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုအညွှန်းကိန်းမှာ တရုတ်ဟာ ၂၀၁၂  ခုနှစ်တွင် အဆင့် ၃၄ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ အဆင့် ၁၁ ထိ မြင့်တက်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up