close

မူလဇာစ်မြစ်

close

April 12, 2023

COVID-19 ဇာစ်မြစ် ဖော်ထုတ်ရေးပူးပေါင်းဆာင်ရွက်ရန် တရုတ်သိပ္ပံပညာရှင်များ တိုက်တွန်း

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ COVID-19 ရဲ့ဇာစ်မြစ်ကို ဖော်ထုတ်ရေး တိုးတက်လာစေဖို့ ကမ္ဘာတဝန်းက ကြိုးပမ်းအားထုတ်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆိုခဲ့ပြီး တွေ့ရှိချက် အသစ်တွေကို အချိန်နဲ့ တပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ မျှဝေသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

မကြာသေးမီက COVID-19 ရဲ့ဇာစ်မြစ်နဲ့ ပတ်သက်ပြီး အချေအတင် ဆက်ဆွေးနွေးနေလို့ မကြာသေးမီက အထောက်အထားအသစ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

တရုတ်ရောဂါထိန်းချုပ်ရေးနဲ့ ဟန့်တားရေးဌာန (CDC) က သုတေသီ ဝီလျံလျူဂျွန်က COVID-19 ကူးစက်ရောဂါ ဖြစ်ပွားမှု အစောပိုင်း  သီတင်းပတ်တွေ အတွင်း ဟွားနန် ပင်လယ်စာဈေးမှာ စုဆောင်းရရှိထားတဲ့ ပတ်ဝန်းကျင်နဲ့ တိရစ္ဆာန် နမူနာတွေအကြောင်း အလွန်မျှော်လင့်ထားတဲ့ ခွဲခြမ်းစိတ်ဖြာချက်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နေးချားဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

သုတေသနအရ ဟွားနန် ပင်လယ်စာဈေးဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်ပြန့်ပွားဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့အမြင်ကို ထောက်ခံတယ်လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေရာကနေ ဗိုင်းရပ်စ် စတင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလို့ စီစီတီဗီက ပြောပါတယ်။

သိပ္ပံပညာအသိုက်အဝန်းနဲ့  နိုင်ငံရေးသမားတချို့ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကြားကနေ တရုတ်သိပ္ပံပညာရှင်တွေဟာ ဟွားနန်ပင်လယ်စာဈေးမှာ COVID-19 ဖြစ်ပွားမှုနဲ့  ပတ်သက်ပြီး အမြင်သစ်တွေကို ပေးစွမ်းနိုင်ခဲ့ ပါတယ်။

4 mins Ago

July 18, 2020

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် မူလဇာစ်မြစ်လေ့လာမည့် နိုင်ငံတကာပညာရှင်အဖွဲ့ WHO ဖွဲ့စည်း

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မူလဇာစ်မြစ်ကို သွားရောက်လေ့လာမယ့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဖွဲ့စည်းနေပါတယ်။  အဖွဲ့ဝင် နှစ်ယောက်ပါဝင်တဲ့  WHO ရှေ့ပြေးအဖွဲ့က တရုတ်နိုင်ငံမှာ သီတင်းတစ်ပတ်ကြာ ရောက်နေပြီး ပိုမိုကြီးမားတဲ့ နိုင်ငံတကာအဖွဲ့ လာရောက်ဖို့ ပြင်ဆင်နေတယ်လို့ WHO အရေးပေါ် လုပ်ငန်းများ အစီအစဉ်အကြီးအကဲ မိုက်ရိုင်ယန်က ဇူလိုင်လ ၁၇ ရက်မှာ ပြောဆိုပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ တရုတ်တာဝန်ရှိသူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကို ဝမ်းမြောက်တယ်လို့ ပြောဆိုပေမယ့်  ဒီထက်ကြီးမားတဲ့အဖွဲ့ကို စေလွှတ်ဖို့က အချိန်ယူရမယ်လို့ သူက ဆိုပါတယ်။  ဒါ့အပြင်  ဘရာဇီးကိုရိုနာဗိုင်းရပ်စ် ကူးစက်အရေအတွက်ဟာ ထပ်တိုး မြင့်တက်လာမယ့်ပုံ မရဘဲ  ဗိုင်းရပ်စ်ကူးစက်မှု တန်းသွားတယ်လို့  မိုက်ရိုင်ယန်က ပြောပါတယ်။  ဗိုင်းရပ်စ်ကူးစက်နှုန်းဟာ အရင်ကလို ဆတိုးဖြစ်မနေဘဲ ထပ်တိုးကူးစက်ဖွယ် မရှိဘူးလို့ WHO အရေးပေါ် လုပ်ငန်းများအစီအစဉ်အကြီးအကဲကို ကိုးကားပြီး  ရိုက်တာက ဖော်ပြပါတယ်။
3 years Ago
Up