close

မူးယစ်ဂိုဏ်းဝင်

close

November 17, 2022

မူး‌ယစ်ဂိုဏ်းဝင် ၂ ဦးကို ထားဝယ်ပြောက်ကျားတပ်က ဖမ်းဆီးအရေးယူ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ထဲက မောင်မယ်ရှောင်ကျေးရွာမှာ မူးယစ်ဆေးရောင်းချနေတယ်လို့ သတင်းရတဲ့အတွက် ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က သွားရောက်စစ်ဆေးခဲ့ရာကနေ မူးယစ်ဆေးဂိုဏ်းအဖွဲ့ဝင်နှစ်ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပထမတယောက်ကိုတော့ ရာဘဆေးပြားအပြင် အိုက်စ်မူးယစ်ဆေးဝါးနဲ့ ငွေတချို့ကို သိမ်းဆည်းရမိခဲ့ကာ ကွင်းဆက်တရားခံ နောက်တယောက်ကိုတော့ WY ဆေးပြား၊ အိုက်စ်မူးယစ်ဆေးဝါးတွေအပြင် ပစ္စတိုသေနတ်တလက်နဲ့ ကျည်ဆန်တွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ (DGRF) က ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဂိုဏ်းဝင်နှစ်ဦးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး မူး‌ယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ကျန်သက်သေခံ ပစ္စည်းတွေကိုတော့ သိမ်းဆည်းထားတယ်လို့ ပြောပါတယ်။

ထားဝယ်ဒေသထဲမှာ စစ်ကောင်စီကို အခွန်ရှာပေးနေတဲ့ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါး ရောင်းချသူတွေကို သတိပေးစာထုတ်ထားပြီး မလိုက်နာဘူးဆိုရင်တော့ အပြစ်ပေးသွားမှာ ဖြစ်တယ်လို့ DGRF က အသိပေးထားပါတယ်။

15 mins Ago

November 5, 2021

မက္ကဆီကိုနိုင်ငံ အပန်းဖြေစခန်းအနီး မူးယစ်ဂိုဏ်းဝင် ၂ ဦးကို ပစ်သတ်ခံရ

မက္ကဆီကိုနိုင်ငံ၊ ကန်ကွန်အပန်းဖြေစခန်းအနီးမှာ မူးယစ်ဆေးဝါးဂိုဏ်းဝင်လို့ သံသယရှိသူနှစ်ယောက် နိုဝင်ဘာ ၄ ရက်က အသေပစ်သတ်ခံရတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ကာရစ်ဘီယံကမ်းရိုးတန်းက ပူအာတိုမိုရီလိုစ်ဆိပ်ကမ်းမြို့ရှိ ဘာဟီရာပီတမ်ပစ်ကမ်းခြေမှာ လူဆိုးဂိုဏ်းဝင်တွေ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီးနောက်မှာ နှစ်ဦးသေဆုံးခဲ့တယ်လို့ ကွင်တာနာရိုးပြည်နယ် ရှေ့နေချုပ်ရုံးက ပြောပါတယ်။ 

တခြား ပြင်းထန်တဲ့ဒဏ်ရာရသူတွေ မရှိဘူးလို့ ရှေ့နေချုပ်ရုံးက ထွစ်တာမှာ ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာမှာပဲ လူမှုကွန်ရက်ပေါ်မှာ သတင်းတွေ ပျံ့နှံ့လာတာပါ။

အဇူလ်ကမ်းခြေဟိုတယ်ဧရိယာမှာ သေနတ်ရှည်ကိုင်ဆောင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို အစောပိုင်းက တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

သေနတ်သမားတွေဟာ သေဆုံးသွားတဲ့ လူတွေကိုလိုက်ရှာဖို့ လှေနဲ့ရောက်ရှိလာတယ်လို့ ပြည်နယ် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားပြီး ဒါဟာ ပစ်မှတ်ထား ကွပ်မျက်မှု ဖြစ်ပုံရတယ်လို့ တခြားမက္ကဆီကို အရာရှိတစ်ဦးကလည်း ပြောပါတယ်။ 

ကန်ကွန်အပန်းဖြေစခန်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေချိန်မှာ ဝန်ထမ်းတွေဟာ ခရီးသည်တွေကို ပုန်းနေကြဖို့ ပြောထားတယ်လို့ တုန်လှုပ်ကြောက်ရွံ့နေကြတဲ့ တိုးရစ်တွေက ပြောပါတယ်။

အဲ့ဒီနေရာက အနည်းဆုံး ခရီးသွားတစ်ဦး ဦးခေါင်းဒဏ်ရာကို ကုသမှုခံယူခဲ့ရတယ်လို့ ဒေသတွင်း ရုပ်မြင်သံကြားကွန်ရက် မီလန်နီအိုက ဖော်ပြခဲ့ပါတယ်။ 

ရက်သတ္တပတ်အနည်းငယ်အကြာက ကန်ကွန်ကနေ မိုင် ၈၀ အကွာရှိ တခြားနာမည်ကြီးတဲ့ တူလမ်ကမ်းခြေမှာလည်း နာမည်ကြီးဂိုဏ်းတခုက အပြန်အလှန်ပစ်ခတ်မှုအတွင်း ခရီးသွားနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။ 

1 year Ago
Up