close

မေရီလန်းပြည်နယ်

close

June 10, 2022

မေရီလန်းပြည်နယ်ရှိ စက်ရုံတရုံတွင် သေနတ်သမားပစ်ခတ်၊ အနည်းဆုံး ၃ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်၊ စမစ်သ်ဘာ့ဂ်မြို့ရှိ ကုန်ထုတ်လုပ်ရေး စက်ရုံ တရုံမှာ ဇွန် ၉ ရက်က သေနတ်သမား တယောက်ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ သုံးယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဘယ်သူဘယ်ဝါမှန်း ချက်ချင်းမသိရသေးတဲ့ သံသယရှိသူဟာ မေရီလန်းပြည်နယ်  စမစ်သ်ဘာ့ဂ်မြို့ရှိ ကိုလံဘီယာ စက်ပစ္စည်း အင်ကော်ပိုရိတ်ရဲ့ စက်ရုံမှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း Fox News က ဖော်ပြခဲ့ပါတယ်။

ဘာကြောင့်ပစ်ခတ်မှုဖြစ်တယ် ဆိုတာတော့ ချက်ချင်းမသိရသေးဘဲ အခင်းဖြစ်ပွားရာ နေရာမှာတော့ ရဲတွေနဲ့ တခြားယာဉ်တွေ ရောက်ရှိနေကြပါတယ်။

မေရီလန်း လွှတ်တော်ကိုယ်စားလှယ် ဒေးဗစ်ထရုန်းက “အခု စမစ်သ်ဘာ့ဂ်မှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကို အသေအချာ စောင့်ကြည့်နေပြီး မြေပြင်တာဝန်ရှိသူတွေနဲ့ ကျနော်တို့ရုံးက ဆက်သွယ်နေပါတယ်”လို့ တွစ်တာမှာ ပြောပါတယ်။

ကိုလံဘီယာစက်ရုံကနေ  နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ ဖောက်သည်တွေကို ကွန်ကရစ်ထုတ်လုပ်တဲ့ စက်ကိရိယာတွေ ဖြန့်ဖြူးထောက်ပံ့ပေးနေကြောင်း သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

3 hours Ago

August 11, 2020

မေရီလန်းပြည်နယ်၌ အကြီးစားပေါက်ကွဲမှုဖြစ်ပြီး လူအချို့ သေဆုံး၊ ဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်၊ ဘောလ်တီမိုးမြို့က လူနေရပ်ကွက်တစ်ခုမှာ သြဂုတ် ၁၀ ရက်က အကြီးစားပေါက်ကွဲမှု ဖြစ်ခဲ့လို့  အမျိုးသမီး ၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ CNN သတင်းမှာ ဖော်ပြပါတယ်။  ပေါက်ကွဲမှုကြောင့်  အိမ်အတော်များများ ပျက်စီးသွားပြီး ပြားပြားဝပ် ပျက်စီးသွားတဲ့ လူနေအိမ်အပိုင်းအစတွေ မြင်တွေ့ရတဲ့ ကောင်းကင်ဓာတ်ပုံက ဒေသခံမီဒီယာက ထုတ်လွှင့်ပါတယ်။ ဒဏ်ရာရသူတွေကို မီးသတ်သမားတွေက ကယ်ခဲ့ရပြီး ဒဏ်ရာရသူတွေရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ မီးသတ်သမားတွေကို ကိုးကားပြီး ဒေသခံရုပ်သံသတင်းတွေအရ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပြီး ဂတ်စ်ပေါက်ကွဲမှုဖြစ်တာလို့ အာဏာပိုင်တချို့က ပြောပေမဲ့ ဘောလ်တီမိုး ဓာတ်ငွေ့နဲ့ လျှပ်စစ်ကုမ္ပဏီကတော့ ဓာတ်ငွေ့ယိုစိမ့်မှုမတွေ့ရှိခဲ့သလို ဘယ်အဆောက်အအုံမှာမှ ဂတ်စ်နဲ့ ပတ်သက်တာ မတွေ့ရဘူးလို့ ထုတ်ပြန်ထားပါတယ်။
2 years Ago
Up