close

မေလကုန်

close

May 3, 2022

ကီးယက်ဗ်၌ အမေရိကန်သံရုံး မေလကုန်ပြန်ဖွင့်မည်

ယူကရိန်းနိုင်ငံ ကီးယက်ဗ်မှာ အမေရိကန် သံရုံးကို မေလအကုန်မှာ ပြန်ဖွင့်သွားဖို့ မျှော်မှန်းထားတယ်လို့ သံရုံးယာယီတာဝန်ခံက မေ ၂ ရက်မှာ ပြောပါတယ်။ 

အမေရိကန်သံတမန်တွေဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ် မစတင်ခင် ၂ ပတ်ကတည်းက  ကီယက်ဗ်ကနေ ထွက်ခွာသွားခဲ့ကြတာပါ။ 

သံရုံး လုပ်ငန်းတွေကို အနောက်ဘက်က ပိုလန်နဲ့ နယ်စပ် ယူကရိန်း မြို့တမြို့ ဖြစ်တဲ့ လီဗြူး မြို့ဆီကို ပြောင်းရွှေ့ခဲ့ပြီး နောက်တော့ ပိုလန်ဘက်အခြမ်းကို ပြောင်းရွှေ့သွားပါတယ်။ 

“မေ ၂ ရက်က ယူကရိန်းကို နေ့ချင်းပြန်အနေနဲ့ ပထမဆုံး ပြန်လာတာပါ။ နောက်တပတ်၊ နှစ်ပတ်လောက်ကြာရင် ထပ်လာဖို့ရှိပါတယ်။ အခြေအနေပေးမယ်ဆိုရင် ဒီလကုန်လောက်မှာ ကီယက်ဗ်ကို ပြန်လာပါမယ်” လို့ ယူကရိန်း နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီသံအမတ်ကြီး ခရစ္စတီးနား ကီဗင်က ပြောပါတယ်။

ရုရှားက စစ်မျက်နှာကို ယူကရိန်းမြို့တော် ကီယက်ဗ်ကနေ အရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ပြောင်းလဲလိုက်တဲ့နောက် အနောက်နိုင်ငံ သံရုံးတွေ အတော်များများဟာ ကီယက်ဗ်မြို့မှာ ပြန်လည် အခြေချနေကြပြီ ဖြစ်ပါတယ်။ 

ဒိန်းမတ်၊ ပြင်သစ် အပါအဝင် နိုင်ငံအတော်များများလည်း ကီယက်ဗ်မှာ ဖွင့်ထားတဲ့ သူတို့သံရုံးကို ရုရှားရဲ့ကျူးကျော်စစ်စတင်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နောက်ပိုင်းကတည်းက ပိတ်ထားခဲ့ပြီး အခု ပြန်ဖွင့်တော့မယ်လို့ ကြေညာထားကြပါတယ်။

1 hour Ago

December 24, 2020

ကိုးကန့်ကကြံများ တရုတ်နိုင်ငံကို မေလကုန်နောက်ဆုံးထား တင်ပို့ရေး ဆွေးနွေး

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကြံများ တရုတ်နိုင်ငံကို မေလကုန်နောက်ဆုံးထား တင်ပို့နိုင်ဖို့ တရုတ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ လောက်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။ တရုတ်နိုင်ငံ၊ လင်ချန်းမြို့ ပြည်သူ့အစိုးရအဖွဲ့နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်တို့ ချင်း‌‌ရွှေဟော်မြို့၊ နှစ်နိုင်ငံ နယ်စပ်မှာ ဒီဇင်ဘာ ၂၂ နေ့က တွေ့ဆုံခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ အတူတကွပူးပေါင်းဆောင်ရွက်ရေးနဲ့ ကြံသယ်ယူပို့ဆောင်မှု အချိန်မီပြီးစီးရေးကိစ္စရပ်တွေကို ညှိနှိုင်းဆွေး‌နွေးခဲ့ကြတာပါ။ ကိုဗစ်-၁၉ ရောဂါကို နှစ်ဦးနှစ်ဘက်က ထိန်းချုပ်ကြဖို့ ရည်ရွယ်ပြီး ပြည်တွင်းပြည်ပက ကြံတွေကို မိုးမကျမီ မေလကုန်အပြီးတင်သွင်းပေးဖို့နဲ့  လူအဝင်မရှိရေး၊ ကုန်ကားတွေ နယ်စပ်မှာ တစ်ဆို့မနေအောင် ပြင်ဆင်မှုတွေ ပြုလုပ်ကြဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလမှာ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသမှာ အခြားဒေသက လုပ်သားတွေကို ခေါ်ယူဖို့ မဖြစ်နိုင်တာကြောင့် ဒီနှစ်မှာ ဒေသခံလုပ်သားတွေ လုပ်ကိုင်မယ်လို့ ပြောပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကြံသီးနှံအား အဓိကထားစိုက်ပျိုးနေပြီး၊ တရုတ်နိုင်ငံကို ကြံ တင်ပို့မှုဟာ ၂၀၁၉ ခုနှစ်မှာ တန်ချိန် ၃၉၀၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ဧကပေါင်း ၁၄၀၀၀ လောက် စိုက်ပျိုးထားပြီး အထွက်နှုန်း တန်ချိန် ၄ သိန်းဝန်းကျင်ရှိမယ် လို့ သိရပါတယ်။ နန်းစံပယ်
1 year Ago
Up