close

မော်စကိုမြို့

close

January 22, 2023

မော်စကိုမြို့တွင် တရုတ်နှစ်သစ်ကူးပွဲ ကျင်းပ

ရုရှားမြို့တော်၊ မော်စကိုမှာ ရာနှင့်ချီတဲ့ မြို့ခံတွေဟာ ဇန်နဝါရီ ၂၁ ရက်က တရုတ်နှစ်သစ်ကူး အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ဆိုဗီယက်ပုံစံ ပတ်ဝန်းကျင်ကြောင့် လူသိများတဲ့ နာမည်ကျော် VDNKH (စီးပွားရေး အောင်မြင်မှုများ ပြပွဲ)ကိုလည်း ကျင်းပခဲ့ပါတယ်။ 

မော်စကိုမြို့တော်မှာ တရုတ်လူဦးရေ နည်းပါးနေပေမယ့် တရုတ်နဲ့ တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုက ရုရှားမှာ မြင့်တက်လာနေပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အရင်အတိုင်း ကောင်းမွန်တယ်လို့လည်း ပြောခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ်ဆင်နွှဲပြီးနောက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်သို့ရောက်ချိန်မှာ ရုရှားက တရုတ်နိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်တက်နေတာ​ ဖြစ်ပါတယ်။

3 mins Ago

January 13, 2021

မော်စကိုမြို့အနီး စစ်တပ်ယာဉ်တန်းကို ကုန်တင်ကားကဝင်တိုက်မိပြီး စစ်သည် ၄ ဦး သေဆုံး

ရုရှားမြို့တော် မော်စကိုနားမှာ စစ်တပ်သုံး ဘတ်စ်ကားယာဉ်တန်းကို ကုန်ကားတစ်စီးက ဇန်နဝါရီ ၁၁ ရက်မှာ ဝင်တိုက်ခဲ့လို့ အသက် ၁၉ နှစ်ကနေ ၂၀ ကြား စစ်သည် ၄ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ကားမောင်းကွင်းမှာ ကားမောင်းသင်ရာက ပြန်လာတဲ့ စစ်သည် ၁၂၃ ယောက်ကို ဘတ်စ်ကား ၄ စီးနဲ့ တင်လာခဲ့တာလို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။ တိုက်မိအပြီး ဘတ်စ်ကားတစီး စုတ်ပြတ်သွားတာကို ရိုက်ကူးထားတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နေပါတယ်။ အသက် ၂၆ နှစ်အရွယ် ကုန်ကားမောင်းသူကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။ သူ့ကို ဖမ်းခေါ်လာပြီး ဇန်နဝါရီ ၁၂ ရက်မှာ တရားရုံးကို ခေါ်လာပြီး တရားစွဲထားပါတယ်။
2 years Ago
Up