မော်စကိုမြို့တွင် တရုတ်နှစ်သစ်ကူးပွဲ ကျင်းပ

ရုရှားမြို့တော်၊ မော်စကိုမှာ ရာနှင့်ချီတဲ့ မြို့ခံတွေဟာ ဇန်နဝါရီ ၂၁ ရက်က တရုတ်နှစ်သစ်ကူး အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။
ဆိုဗီယက်ပုံစံ ပတ်ဝန်းကျင်ကြောင့် လူသိများတဲ့ နာမည်ကျော် VDNKH (စီးပွားရေး အောင်မြင်မှုများ ပြပွဲ)ကိုလည်း ကျင်းပခဲ့ပါတယ်။
မော်စကိုမြို့တော်မှာ တရုတ်လူဦးရေ နည်းပါးနေပေမယ့် တရုတ်နဲ့ တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုက ရုရှားမှာ မြင့်တက်လာနေပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗ်ရော့ဗ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အရင်အတိုင်း ကောင်းမွန်တယ်လို့လည်း ပြောခဲ့ပါတယ်။
ယူကရိန်းကျူးကျော်စစ်ဆင်နွှဲပြီးနောက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်သို့ရောက်ချိန်မှာ ရုရှားက တရုတ်နိုင်ငံအပေါ် စိတ်ဝင်စားမှု မြင့်တက်နေတာ ဖြစ်ပါတယ်။