close

မော်ရိုကိုနည်းပြ

close

December 11, 2022

စိတ်အားထက်သန်မှုနှင့် ယုံကြည်မှုရှိရင် အောင်ပွဲဆင်နိုင်ကြောင်း မော်ရိုကိုနည်းပြပြော

စိတ်အားထက်သန်မှုနဲ့ ယုံကြည်မှုတွေရှိမယ်ဆိုရင် အောင်မြင်မှုရရှိနိုင်ကြောင်း မော်ရိုကိုအသင်းနည်းပြ ဝါလစ်ရက်ဂ်ရာဂူကပြောပါတယ်။

ပေါ်တူဂီအသင်းကို ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြောခဲ့တာပါ။

မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်သလို အာဖရိကအသင်းအနေနဲ့လည်း ပထမဆုံးအကြိမ်ဆီမီးဖိုင်နယ်တက်ခဲ့တာပါ။

အသင်းရဲ့ စိတ်အားထက်သန်စွာကစားပုံကြောင့် လူတိုင်းကချစ်ခင်နှစ်သက်တဲ့အသင်းဖြစ်လာပြီး ပေါ်တူဂီ၊ စပိန်၊ ဘယ်လ်ဂျီယံအသင်းတွေကို အနိုင်ယူကာ ခရိုအေးရှားကိုသရေကစားနိုင်ခဲ့တာက အလုပ်ကြိုးစားမှုရဲ့ရလဒ်ဖြစ်ကြောင်း နည်းပြ ရက်ဂ်ရာဂူကပြောပါတယ်။

“စိတ်အားထက်သန်မှု၊ နှလုံးသားနဲ့ ယုံကြည်မှုကို ပြသနိုင်မယ်ဆိုရင် အောင်မြင်မှုရရှိနိုင်ပြီး ကျနော့်ကစားသမားတွေက အဲဒီအချက်တွေကိုပြသနိုင်ခဲ့တယ်” လို့ နည်းပြ ရက်ဂ်ရာဂူကပြောပါတယ်။

မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

38 mins Ago

December 10, 2022

အာဖရိကနှင့် အာရပ်ပြည်သူများ၏ အားပေးမှုရှိဟု မော်ရိုကိုနည်းပြပြော

မော်ရိုကို အသင်းကို အာဖရိကနဲ့ အာရပ်ပြည်သူတွေရဲ့ အားပေးထောက်ခံမှုရရှိတယ်လို့ ခံစား ရကြောင်း နည်းပြ ရယ်ဂရက်ဂီကပြောပါတယ်။

မော်ရိုကိုအသင်းဟာ အခုနှစ်ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းလာတဲ့ တစ်သင်းတည်းသော အာဖရိကအသင်းဖြစ် ပါတယ်။

ဒါ့အပြင် အာရပ်နိုင်ငံတစ်နိုင်ငံလည်းဖြစ်တာကြောင့် မော်ရိုကို အသင်းရဲ့နောက်မှာ အာဖရိကနဲ့ အာရပ်ပြည်သူတွေရှိနေကြောင်း နည်းပြ ရယ်ဂရက်ဂီကပြောခဲ့တာပါ။

ဒီလို ထောက်ခံအားပေးမှုရှိတာက အရေးပါပြီး မော်ရိုကိုအတွက်ကတော့ ပထမဦးစားပေး ဖြစ်ကြောင်း နည်းပြရယ်ဂရက်ဂီက ပြောပါတယ်။

မော်ရိုကိုအသင်းဟာ ၁၆ သင်းအဆင့်မှာ စပိန်အသင်းကို အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ကွာတားဖိုင်နယ်မှာ ပေါ်တူဂီအသင်းနဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

1 day Ago
Up