close

မော်လမြိုင်ဆေးရုံ

close

March 8, 2022

မော်လမြိုင်ဆေးရုံ၌ တစ်ပတ်အတွင်း ကိုဗစ်လူနာအယောက် ၂၀ ကျော် သေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၂ ရက်ကနေ ၈ ရက်အထိ  တစ်ပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ ယောက် သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေဟာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေ အများဆုံး ပါဝင်တာဖြစ်ပြီး အဲဒီထဲမှာ အများစုကတော့ ကျောက်ကပ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံသူတွေ ဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အဆိုအရ သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေဟာ ပင်ကိုရောဂါအခံတွေကို ကုသဖို့ ဆေးရုံ လာတက်ချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားတာလို့  ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ ကိုဗစ်မျိုးကွဲ အိုမီခရွန်ကြောင့် သေဆုံးတာ မဟုတ်ဘဲ ကိုဗစ် ဒယ်လ်တာပိုးကြောင့်သာ သေဆုံးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ အဲဒီတစ်ပတ်အတွင်း မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၂၉ ယောက်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၉၀၀၀ နီးပါး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၄၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

8 mins Ago

September 19, 2020

မော်လမြိုင်ဆေးရုံတွင် ကိုဗစ်လူနာထားရန် နေရာမရှိတော့၍ ဝန်ထမ်းအိမ်ရာအသစ်သို့ ပြောင်းရွှေ့

မော်လမြိုင် ပြည်သူ့ဆေးရုံမှာ ကိုဗစ်လူနာတွေထားဖို့ နေရာမရှိတော့တဲ့အတွက်ကြောင့် ပြည်နယ် ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အသစ် ၂ လုံးမှာ စတင် ပြောင်းရွှေ့ကုသပေးနေပါတယ်။ မွန်ပြည်နယ်အတွင်းက ကိုဗစ်လူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံ တစ်ခုတည်းမှာပဲ စောင့်ကြည့် ကုသပေးနေပြီး ကိုဗစ်လူနာ ၁၀၀ ကိုသာ လက်ခံကုသပေးနိုင်တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ မော်လမြိုင်ပြည်သူဆေးရုံမှာ ကိုဗစ်လူနာ ၁၀၀ နီးပါးအထိ ရှိလာပြီး ထားစရာ နေရာ မရှိတော့တဲ့အတွက်ကြောင့် မွန်ပြည်နယ် ကုသရေးရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အသစ် ၂ လုံးမှာ ပြောင်းရွှေ့ကုသပေးနေတာလို့ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က ပြောပါတယ်။ ပြောင်းရွှေ့ကုသပေးတဲ့ ကိုဗစ်လူနာတွေဟာ မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ၈ ရက်လောက် စောင့်ကြည့်ကုသပြီးနောက် ရောဂါလက္ခဏာမပြတဲ့သူတွေ ဖြစ်ပါတယ်။ မွန်ပြည်နယ် ကုသရေးဦးစီးဌာန အိမ်ရာအသစ်ကိုတော့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ ကိုဗစ်လူနာ ၁၃ ဦး ပြောင်းရွှေ့ကုသပေးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း ၉ ဦး ချထားပေးပါတယ်။ ပြည်နယ်ကုသရေးဦးစီးဌာန ဝန်းထမ်းအိမ်ရာမှာတော့ ကိုဗစ်လူနာတွေအတွက် ကုသရေး ခုတင် ၁၀၀ နီးပါး ပြင်ဆင်ထားတာပါ။ အခုလို ခုတင်တွေ တိုးချဲ့ပြင်ဆင်တာရဟာ နေ့စဉ်နဲ့အမျှ ကိုဗစ်လူနာ တွေ့ရှိလာလို့ ကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့ ဆောင်ရွက်ရတာလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။ ဒါ့အပြင် မော်လမြိုင်က အမျိုးသမီးနဲ့ ကလေးဆေးရုံမှာလည်း အသည်းအသန်ဖြစ်တဲ့ ကိုဗစ်လူနာ ကလေးငယ်တွေကို ကုသပေးဖို့ ခုတင် ၁၀ ခု ပြင်ဆင်ထားပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းကလည်း မွန်ပြည်နယ်မှာ ကိုဗစ် အတည်ပြုလူနာ ၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကိုဗစ်အတည်ပြု လူနာ ၈ ဦးစလုံးဟာ မော်လမြိုင် စက်ကဲကုန်းရပ် နေထိုင်သူတွေဖြစ်ပြီး မွန်ပြည်သစ်တောဦးစီးဌာန ရုံး ဝန်ထမ်းမှတဆင့် ရောဂါပိုး ကူးစက်ခံရတာ ဖြစ်ပါတယ်။ အခုအခါမှာ မွန်ပြည်နယ် သစ်တောရုံးဝန်ထမ်းကတဆင့် ရောဂါပိုး ကူးစက်ခံရသူ ၁၆ ဦးအထိ ရှိလာခဲ့တာပါ။ သစ်တောရုံးဝန်ထမ်းကတော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ရောဂါပိုး ဘယ်ကကူးစက်မှန်း မသိဘဲ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ၁၁၉ ဦးနဲ့  လူနာ ၁ ဦးသေဆုံးထားပါတယ်။ ဇော်လွင်ထွဋ် 
1 year Ago
Up