close

မော်လမြိုင်ဆေးရုံ၌ တစ်ပတ်အတွင်း ကိုဗစ်လူနာအယောက် ၂၀ ကျော် သေဆုံး

မွန်ပြည်နယ်၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ မတ်လ ၂ ရက်ကနေ ၈ ရက်အထိ  တစ်ပတ်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၂ ယောက် သေဆုံးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေဟာ သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေ အများဆုံး ပါဝင်တာဖြစ်ပြီး အဲဒီထဲမှာ အများစုကတော့ ကျောက်ကပ်၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အခံသူတွေ ဖြစ်ပါတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့တွေ အဆိုအရ သေဆုံးသွားတဲ့ ကိုဗစ်လူနာတွေဟာ ပင်ကိုရောဂါအခံတွေကို ကုသဖို့ ဆေးရုံ လာတက်ချိန်မှာ ကိုဗစ်ရောဂါကူးစက်ခံရပြီး သေဆုံးသွားတာလို့  ပြောပါတယ်။

ဒါ့အပြင် သေဆုံးသွားတဲ့ ကိုဗစ်အတည်ပြုလူနာတွေဟာ ကိုဗစ်မျိုးကွဲ အိုမီခရွန်ကြောင့် သေဆုံးတာ မဟုတ်ဘဲ ကိုဗစ် ဒယ်လ်တာပိုးကြောင့်သာ သေဆုံးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကတော့ အဲဒီတစ်ပတ်အတွင်း မွန်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၂၉ ယောက်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်တတိယလှိုင်းကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၉၀၀၀ နီးပါး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ ၁၄၀၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up