close

မော်လမြိုင်မြို့

close

February 1, 2022

ဖိအားပေးမှုများကြားက မော်လမြိုင်မြို့ခံများ အသံတိတ် သပိတ်တွင် ပူးပေါင်းပါဝင်

အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးမှုတွေ ရှိနေတဲ့ကြားက  မွန်ပြည်နယ် မော်လမြိုင်မြို့နေ ပြည်သူတွေဟာ  စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ် သပိတ် Silent Strike မှာ ပူးပေါင်းပါဝင်နေကြပါတယ်။

မော်လမြိုင်ရဲ့ အဓိကလမ်းမကြီးတွေ ဖြစ်တဲ့ အောက်လမ်းမကြီး၊ ဗဟိုလမ်းနဲ့ အထက်လမ်းမကြီးတွေမှာ မနက် ၁၀ နာရီကစပြီး လူသူသွားလာမှု မရှိသလောက် နည်းပါးနေတာပါ။

မော်လမြိုင်မြို့အတွင်းရှိ ဈေးတွေကိုလည်း စစ်ကောင်စီက မဖြစ်မနေဆိုင်ဖွင့်ဖို့ အတင်းဓမ္မ လက်မှတ်ထိုးခိုင်းထားတာကြောင့် ဆိုင်တွေ ဖွင့်လှစ်ထားပေမယ့် အရောင်းအဝယ်သူ မရှိဘဲ ဖြစ်နေတာပါ။

စစ်ကောင်စီကတော့ အသံတိတ် သပိတ်ကို တုံ့ပြန်တဲ့ အနေနဲ့ မော်လမြိုင်မှာ စစ်တပ် ထောက်ခံပွဲ လုပ်တာ၊ ရပ်ကွက်တွေမှာ စတုဒီတာကျွေးဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို တစ်ရပ်ကွက် ကျပ် ၂ သိန်းထောက်ပံ့တာ၊ အသံချဲ့စက်ကြီးတွေနဲ့ သီချင်းဖွင့်တာ၊ ထမနဲထိုးပွဲတွေ ပြုလုပ်နေတာပါ။

ဒါ့အပြင် မော်လမြိုင်ရဲ့ မြို့ပေါ်ရပ်ကွက်အများစုမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်မဖွင့်တဲ့ ဈေးဆိုင်တွေကို လိုက်လံ စစ်ဆေးနေသလို ရပ်ကွက်တချို့မှာတော့ အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားတာ မြင်တွေ့ရပါတယ်။

2 mins Ago

November 18, 2021

မော်လမြိုင်မြို့နှင့် ဖလမ်းမြို့အနီး မြေငလျင်လှုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှာ နိုဝင်ဘာ ၁၈ ရက် ဒီကနေ့မနက်က ပြင်းအား ရစ်ချ်တာ စကေး ၄ ဒသမ ၆ ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ အိန္ဒိယအမျိုးသားမြေငလျင်ဗဟိုဌာန (NCS ) က ထုတ်ပြန်ပါတယ်။

မြေငလျင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၂ မိနစ်လောက်မှာ  မော်လမြိုင်မြို့ အနောက်ဘက် ၆၅ ကီလိုမီတာအကွာ အနက် ၁၈၃ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး ငလျင် ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာလည်း   အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု နိုဝင်ဘာ ၁၇ ရက်ညပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

မနေ့ည ၉ နာရီ ခွဲကျော်လောက်က ဟားခါးမြေငလျင်စခန်းမှ မြောက်ဘက် ၁၂ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ  အနက် ၁၀  ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

Photo Credit- Vocanodiscovery/ မိုးဇလ

3 months Ago
Up