close

မော်လမြိုင်မြို့နှင့် ဖလမ်းမြို့အနီး မြေငလျင်လှုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီးမှာ နိုဝင်ဘာ ၁၈ ရက် ဒီကနေ့မနက်က ပြင်းအား ရစ်ချ်တာ စကေး ၄ ဒသမ ၆ ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ အိန္ဒိယအမျိုးသားမြေငလျင်ဗဟိုဌာန (NCS ) က ထုတ်ပြန်ပါတယ်။

မြေငလျင်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၂ မိနစ်လောက်မှာ  မော်လမြိုင်မြို့ အနောက်ဘက် ၆၅ ကီလိုမီတာအကွာ အနက် ၁၈၃ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားတာဖြစ်ပြီး ငလျင် ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မရရှိပါဘူး။

ချင်းပြည်နယ်၊ ဖလမ်းမြို့အနီးမှာလည်း   အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု နိုဝင်ဘာ ၁၇ ရက်ညပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

မနေ့ည ၉ နာရီ ခွဲကျော်လောက်က ဟားခါးမြေငလျင်စခန်းမှ မြောက်ဘက် ၁၂ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ဖလမ်းမြို့ အနောက်တောင်ဘက် ၇ မိုင်ခန့်အကွာ  အနက် ၁၀  ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

Photo Credit- Vocanodiscovery/ မိုးဇလ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up