ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးမချင်း အာဆင်နယ်ကို ဆက်လက်မေးခွန်းထုတ်သွားမယ်လို့ နောက်ခံလူ ဟောင်းဂယ်ရီနဗီးလ်က ပြောပါတယ်။
အာဆင်နယ်အနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာဆက်လက်ရပ် တည်နိုင်ဖို့အတွက် သက်သေပြစရာတွေကျန်ရှိနေသေးတယ်လို့ မန်ယူနောက်ခံလူဟောင်း နဗီးလ်က ပြောပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်မှာလည်း နိုင်ပွဲဆက်ခဲ့လို့ အဆင့်တစ်နေရာမှာဆက်ပြီးရပ်တည်နိုင်ခဲ့တာပါ။
အဲဒီလိုရလဒ်ကောင်းတွေရနေပေမယ့်လည်း အာဆင်နယ်ကို ဆက်လက်မေးခွန်းထုတ်သွားရ မှာဖြစ်ပြီး သူတို့မှာ ဘာတစ်ခုမှ သက်သေပြနိုင်ခြင်းမရှိသေးဘူးလို့ နဗီးလ်ကပြောပါတယ်။
“အာဆင်နယ်က ဘာနဲ့တူသလဲဆိုရင် လက်ဝှေ့သမားတစ်ယောက်က ကမ္ဘာ့ချန်ပီယံဆု ဒါမှမဟုတ် ပြည်တွင်းချန်ပီယံဆု မရသေးတာနဲ့ အတူတူပဲ။ သူတို့ကို မေးခွန်းထုတ်သင့်ပါတယ်။ ဒါပေမဲ့ မေးခွန်းမထုတ်နိုင်တဲ့အချက်ကတော့ သူတို့ရဲ့စွမ်းဆောင်ရည် အမှန်တကယ် ကောင်းမွန်နေတာပါပဲ။”
တဆက်တည်းမှာပဲ အားနည်းချက်တွေလည်းရှိနေပြီး တည်ကန်ဘောတွေကနေ ဂိုးတွေ ပေးရတာမျိုး၊ အရှုံးကနေ အနိုင်ရလဒ်ရယူခဲ့တာမျိုး မရှိသေးကြောင်း နဗီးလ်က ဝေဖန်သွားခဲ့ပါတယ်။
နေပြည်တော်မှာ ဧပြီ ၂၇ ရက် ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက တက်ရောက်လာတဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေ စစချင်း မေးခွန်း ၆ ခု မေးမြန်းခဲ့ပါတယ်။
ရွေးကောက်ပွဲ မဲမသမာမှု ရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ မဖြေရှင်းတဲ့အကြောင်း ပြည်တွင်း ပြည်ပမီဒီယာတွေအနေနဲ့ ဘာကြောင့် မမေးတာလဲလို့ စစ်ကောင်စီဝန်ကြီးက ပထမဆုံး မေးခွန်းထုတ်ပြီး သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့ပါတယ်။
“မေးခွန်းတွေ အရင်မေးချင်ပါတယ်၊ ခုဖြေနိုင်ရင်လည်း ဖြေပါ၊ နောက်မှ ဖြေနိုင်တဲ့အခါလည်း ဖြေပါ၊ ပြီးတော့ မေးခွန်မေးလို့ရတဲ့အခါ မေးပေးပါ” လို့ ပြောပြီး မေးခွန်း ၆ ခု မေးမြန်းခဲ့ပါတယ်။
မေးခွန်းတွေထဲမှာ NUG အစိုးရအနေနဲ့ အလှူငွေကောက်ခံတာတွေ၊ ဘွန်းရောင်းတာတွေနဲ့ ပတ်သက်ပြီး ငွေအမြောက်အမြား ရရှိထားတဲ့အပြင် နိုင်ငံတကာ ထောက်ပံ့ငွေတွေလည်း ရရှိတာကြောင့် အားလုံး ဘယ်လောက်ရရှိတယ်၊ ဘယ်မှာသုံးတယ်ဆိုတာကို မမေးဘူးလား၊ မေးခဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ဒါ့ပြင် စစ်ကိုင်းတိုင်းက ဗိုလ်သံမဏိဖြစ်စဉ်မှာ ၁၀ ယောက်ကျော် အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး အဲဒီကိစ္စရော ဘာဖြစ်သွားလဲ၊ NUG ကို ဘာလုပ်ထားလဲ မေးခဲ့ဘူးလားလို့ မီဒီယာတွေကို မေးမြန်းခဲ့ပါတယ်၊။
စုစုပေါင်း သတင်းစာရှင်းလင်းပွဲအစမှာ မေးခွန်း ၆ ခုမေးခဲ့ပြီး မေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖြေနိုင်တဲ့အခါ ဖြေပေးဖို့နဲ့ မေးနိုင်တဲ့အခါ မေးပေးဖို့ ပြောဆိုခဲ့ပါတယ်။