close

သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ ဒုဝန်ကြီးက မီဒီယာသမားများကို မေးခွန်းထုတ်

နေပြည်တော်မှာ ဧပြီ ၂၇ ရက် ဒီကနေ့ မွန်းလွဲပိုင်း ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီခန့် ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက  တက်ရောက်လာတဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေ စစချင်း မေးခွန်း ၆ ခု မေးမြန်းခဲ့ပါတယ်။

ရွေးကောက်ပွဲ မဲမသမာမှု ရှိခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ အစိုးရအနေနဲ့ မဖြေရှင်းတဲ့အကြောင်း ပြည်တွင်း ပြည်ပမီဒီယာတွေအနေနဲ့ ဘာကြောင့် မမေးတာလဲလို့ စစ်ကောင်စီဝန်ကြီးက ပထမဆုံး မေးခွန်းထုတ်ပြီး သတင်းစာရှင်းလင်းပွဲကို စတင်ခဲ့ပါတယ်။

“မေးခွန်းတွေ‌ အရင်မေးချင်ပါတယ်၊ ခုဖြေနိုင်ရင်လည်း ဖြေပါ၊ နောက်မှ ဖြေနိုင်တဲ့အခါလည်း ဖြေပါ၊ ပြီးတော့ မေးခွန်မေးလို့ရတဲ့အခါ မေးပေးပါ” လို့ ပြောပြီး မေးခွန်း ၆ ခု မေးမြန်းခဲ့ပါတယ်။

မေးခွန်းတွေထဲမှာ NUG အစိုးရအနေနဲ့ အလှူငွေကောက်ခံတာတွေ၊ ဘွန်းရောင်းတာတွေနဲ့ ပတ်သက်ပြီး ငွေအမြောက်အမြား ရရှိထားတဲ့အပြင် နိုင်ငံတကာ ထောက်ပံ့ငွေတွေလည်း ရရှိတာကြောင့် အားလုံး ဘယ်လောက်ရရှိတယ်၊ ဘယ်မှာသုံးတယ်ဆိုတာကို မမေးဘူးလား၊ မေးခဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ဒါ့ပြင် စစ်ကိုင်းတိုင်းက ဗိုလ်သံမဏိဖြစ်စဉ်မှာ ၁၀ ယောက်ကျော် အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီး အဲဒီကိစ္စရော ဘာဖြစ်သွားလဲ၊ NUG ကို ဘာလုပ်ထားလဲ မေးခဲ့ဘူးလားလို့ မီဒီယာတွေကို မေးမြန်းခဲ့ပါတယ်၊။

စုစုပေါင်း သတင်းစာရှင်းလင်းပွဲအစမှာ မေးခွန်း ၆ ခုမေးခဲ့ပြီး မေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖြေနိုင်တဲ့အခါ ဖြေပေးဖို့နဲ့ မေးနိုင်တဲ့အခါ မေးပေးဖို့ ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up