close

မဲစနစ်

close

May 8, 2022

ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မဲစနစ်ဖြင့် ပြုလုပ်

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဒေသစံတော်ချိန် မေ ၈ ရက် မနက် ၉ နာရီမှာ စတင်ပါတယ်။ 

ဒီမဲပေးမှုဟာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲလိုက်ပြီး တဲ့နောက် ပထမဆုံး ဖြစ်ပါတယ်။ 

ဟောင်ကောင် ကွန်ဗန်းရှင်းစင်တာမှာ ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင် လူကြီးတွေဟာ လူ တကိုယ်မဲတမဲ စနစ်နဲ့ လျှို့ဝှက်မဲပေးကြပါတယ်။ 

ဒီ ရွေးကောက်ပွဲမှာ တဦးတည်းသော အုပ်ချုပ်ရေးမှူးလောင်းက ဂျွန်လီပါ။ 

သူဟာ အရင်က ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့မှာ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။ 

လက်ရှိ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မဲပေးတာကိုလည်း အရင်ကထက် တနာရီခွဲ လောက် အချိန်ချုံ့ထားပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲမှာ အပြီး မဲပေးဖို့ စီစဉ် ထားပါတယ်။ 

မဲရုံပိတ်သွားတဲ့အချိန်မှာ မဲရုံဝန်ထမ်းတွေက မဲရေတွက်ပြီး ရလဒ်ကို ကြေညာဖို့ ရှိပါတယ်။

အသစ်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဥပဒေအရ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးကောက်ပွဲ ကော်မတီကတဆင့် ရွေးချယ်ရပါတယ်။ 

ရွေးကောက်ပွဲ ကော်မတီကိုတော့ ဟောင်ကောင်ပြည်သူတွေ အလွှာစုံကို ကိုယ်စားပြုနိုင်အောင်၊ ဟောင်ကောင်ပြည်သူတွေရဲ့ အကျိုးကို ဖော်ဆောင်နိုင်အောင် ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်ဖို့ဆိုရင် မဲ အရေအတွက် ၇၅၀ ကျော် ရရှိဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးမှူး သစ်ဟာ ဇူလိုင် ၁ ရက်မှာ ရာထူးလက်ခံရမှာ ဖြစ်ပါတယ်။  

16 mins Ago

February 15, 2020

မန္တလေးမြို့ ယာယီကားဝင်းနေရာ ဆိုင်ခန်းများ မဲစနစ်ဖြင့် ရွေးချယ်ပေးမည်

မန္တလေးမြို့၊ ချမ်းမြရွှေပြည် အဝေးပြေးယာဉ်ရပ်နားစခန်းကနေ ယာယီယာဉ်ရပ်နားစခန်းမှာ ပြောင်းရွှေ့ နေရာချထားပေးဖို့အတွက် ကားဂိတ် ဆိုင်ခန်း နေရာတွေကို ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မဲစနစ်နဲ့ ရွေးချယ်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ပြောပါတယ်။ ကားဂိတ်လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်ခန်းတွေ အဆင်ပြေအောင်နဲ့ ဆိုင်ခန်းမရသူ မရှိအောင်လည်း ကြိုးစားဆောင်ရွက်ပေးမယ်လို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။ “၁၆ ရက်နေ့မှာ မဲနှိုက်ဖို့ လုပ်သွားမှာပေါ့နော်၊ လုပ်မယ့်အခါမှာလည်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ၊ တကယ့်လုပ်ငန်းရှင်ကြီးတွေအနေနဲ့လည်း ညှိနှိုင်းပြီး လုပ်သွားမှာပေါ့နော်၊ အဲဒီတော့ ကျနော်တို့ တကယ့်ရွှေ့ပြောင်းမယ့် နေရာကိုလည်း ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမှာပါ။” ကျွဲဆည်ကန်ကားဝင်းကို အဆင့်မြှင့်တင်ဖို့အတွက် M-Development Corporation (Myanmar) ကုမ္ပဏီက ယခင်စည်ပင်သာယာရေးကော်မတီလက်ထက် ၂၀၁၅ မှာ B.O.T စနစ်နဲ့ နှစ် ၅၀ လုပ်ကိုင်ခွင့် ရထားတာပါ။ ယခင် သဘောတူချုပ်ဆိုထားတဲ့ စာချုပ်ကို ပြန်လည်ပြင်ဆင်ခွင့်ရအောင် တင်ဒါအောင်ထားတဲ့ ကုမ္ပဏီနဲ့ အကြိမ် နှစ်ဆယ်လောက် ညှိနှိုင်းဆွေးနွေးခဲ့ပြီး သဘောတူစာချုပ်ရဲ့ ၈၀ ရာခိုင်နှုန်းခန့်ရအောင် ပြန်လည်ညှိနှိုင်းနိုင်ခဲ့တယ်လို့ စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပါတယ်။ “ကားကွင်းရဲ့ စီမံခန့်ခွဲခွင့်ကို ကျနော်တို့ စည်ပင်သာယာကနေ စီမံခန့်ခွင့်ရအောင် လုပ်နိုင်ခဲ့တယ်။ တစ်နှစ်ကို စည်ပင်ကို သိန်းသုံးထောင် ပေးသွင်းရတဲ့ အနေအထားတင်မကဘဲနဲ့ ကားကွင်းထဲဝင်နေတဲ့ ကားဂိတ် ကားအသွားအလာတွေ မှန်သမျှကို ဝင်ကြေးကောက်ခံတဲ့ ဝင်ငွေအားလုံးကို စည်ပင်သာယာကနေ လွှဲပြောင်းလုပ်နိုင်ခဲ့တယ်။ ပုံစံဒီဇိုင်းတွေကအစ အရင်တုန်းက သူတို့တင်ထားတဲ့ပုံစ့နဲ့ မတူဘဲ ကျနော်တို့ စင်ကာပူပညာရှင်အဖွဲ့တွေနဲ့ တည်ဆောက်ဖို့ ဒီဇိုင်းတွေကအစ ပြန်လည်ပြင်ဆင်ဖို့ ဖြစ်လာခဲ့တယ်။ အရင်တုန်းက တင်တဲ့ပုံစံနဲ့တော့ တခြားစီ ဖြစ်လာခဲ့တယ်။ ကျနော်တို့ မြို့အတွက် ဒီပုံစံမျိုး ဆောက်မှသာ လက်သင့်ခံနိုင်တဲ့ အနေအထားရှိတဲ့ ပုံစံအနေအထားပေါ့နော်။ ကျနော်တို့ရဲ့ Structure ပိုင်းတွေမှာက လိုအပ်တဲ့ အပိုင်းတွေကို သူတို့ ပထမဆုံး တင်ပြထားတဲ့အပိုင်းတွေက လက်သင့်မခံနိုင်တာတွေ ရှိလို့ အတတ်နိုင်ဆုံး ကျနော်တို့ မြို့တော်ဝန်ကြီးနဲ့ ကော်မတီဝင်တွေအားလုံးက လိုအပ်တဲ့ ပုံစံတွေ ပြန်လည်ပြင်ဆင် ပြောင်းလဲနိုင်ခဲ့တယ်ပေါ့နော်” လို့ ပြောပါတယ်။ ၁၅ ဧကလောက် ကျယ်တဲ့ ကျွဲဆည်ကန် ကားဝင်းကို အဆင့်မြှင့်တင်ရာမှာ အချိန်န် ၂ နှစ်လောက် ကြာမြင့်မှာဖြစ်ပြီး ကားဝင်းရဲ့ သုံးပုံတပုံလောက်ကို ဈေးဝယ်စင်တာတွေ ထည့်သွင်းတည်ဆောက်မယ်လို့ သိရပါတယ်။  ယာယီကားဝင်းကတော့ မန္တလေးမြို့ တံခွန်တိုင်အဝိုင်းအနီးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။  ထိန်ထိန်လင်း
2 years Ago
Up