close

ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ မဲစနစ်ဖြင့် ပြုလုပ်

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဒေသစံတော်ချိန် မေ ၈ ရက် မနက် ၉ နာရီမှာ စတင်ပါတယ်။ 

ဒီမဲပေးမှုဟာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲစနစ်ကို ပြုပြင်ပြောင်းလဲလိုက်ပြီး တဲ့နောက် ပထမဆုံး ဖြစ်ပါတယ်။ 

ဟောင်ကောင် ကွန်ဗန်းရှင်းစင်တာမှာ ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင် လူကြီးတွေဟာ လူ တကိုယ်မဲတမဲ စနစ်နဲ့ လျှို့ဝှက်မဲပေးကြပါတယ်။ 

ဒီ ရွေးကောက်ပွဲမှာ တဦးတည်းသော အုပ်ချုပ်ရေးမှူးလောင်းက ဂျွန်လီပါ။ 

သူဟာ အရင်က ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့မှာ အတွင်းရေးမှူးချုပ်တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။ 

လက်ရှိ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် မဲပေးတာကိုလည်း အရင်ကထက် တနာရီခွဲ လောက် အချိန်ချုံ့ထားပြီး ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲမှာ အပြီး မဲပေးဖို့ စီစဉ် ထားပါတယ်။ 

မဲရုံပိတ်သွားတဲ့အချိန်မှာ မဲရုံဝန်ထမ်းတွေက မဲရေတွက်ပြီး ရလဒ်ကို ကြေညာဖို့ ရှိပါတယ်။

အသစ်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဥပဒေအရ ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရွေးကောက်ပွဲ ကော်မတီကတဆင့် ရွေးချယ်ရပါတယ်။ 

ရွေးကောက်ပွဲ ကော်မတီကိုတော့ ဟောင်ကောင်ပြည်သူတွေ အလွှာစုံကို ကိုယ်စားပြုနိုင်အောင်၊ ဟောင်ကောင်ပြည်သူတွေရဲ့ အကျိုးကို ဖော်ဆောင်နိုင်အောင် ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးဖြစ်ဖို့ဆိုရင် မဲ အရေအတွက် ၇၅၀ ကျော် ရရှိဖို့ လိုအပ်ပါတယ်။ အုပ်ချုပ်ရေးမှူး သစ်ဟာ ဇူလိုင် ၁ ရက်မှာ ရာထူးလက်ခံရမှာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up