close

မြစ်ကြီးနား မျက်မမြင်ကျောင်း

close

July 15, 2021

မြစ်ကြီးနား မျက်မမြင်ကျောင်းတွင် ကိုဗစ်‌-၁၉ ရောဂါပိုးတွေ့သဖြင့် လော့ဒေါင်းချ

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ ဇူလိုင် ၁၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လို့ လော့ဒေါင်းချလိုက်တယ်လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။

မျက်မမြင် ကျောင်းသား ကလေးနှစ်ယောက် အနံ့မရတော့တာကြောင့် ဆေးရုံမှာ သွားရောပ်စစ်ဆေးခဲ့ရာက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"မြို့နယ်က အကုန်လုံးစစ်မလားတော့မသိဘူး၊ ရပ်ကွက်ကတော့ စာရင်းပေးပါဆိုတာနဲ့ ဝန်းထဲမှာရှိတဲ့ ဝန်းနေမိသားစုအကုန် ပို့ပေးထားပါတယ်" လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးလမုန်ကန်ဖန်က ပြောပါတယ်။

ကချင်ပြည်နယ်မှာ တစ်ကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းကို ၁၉၈၁ ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ။

မြစ်ကြီးနားမှာ ဇူလိုင် ၂ ရက်ကနေ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ကျော်နဲ့ သေဆုံးသူ ၃ ဦးရှိပါတယ်။

မြစ်ကြီးနားဆေးရုံမှာ လက်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထားရှိဖို့ ကုတင်နေရာ မလုံလောက်တာကြောင့် လူနာသစ်တွေ လက်မခံဘဲ ခေတ္တရပ်နားထားတယ်လို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ဇွန် ၂၀ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄၀ ဦး ရှိတယ်လို့ သိရပါတယ်။

5 mins Ago

November 17, 2020

မြစ်ကြီးနား မျက်မမြင်ကျောင်းတွင် ဝန်ထမ်း ၆၀ ကျော်အတွက်လစာပေးရန် အခက်ကြုံနေ  

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ ကိုဗစ်ကပ်ဘေးကာလ ကျောင်းလုပ်သားနဲ့  ဝန်ထမ်း အယောက်  ၆၀ ကျော်အတွက် စားဝတ်နေရေး အတော်ခက်ခဲနေပြီး ကျောင်းဝန်ထမ်း လစာတွေပါ မပေးနိုင်တော့ဘူးလို့ မျက်မမြင် ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။ မျက်မမြင်ကျောင်းအတွင်း ကျောင်းဝန်ထမ်း ကျောင်းလုပ်သားနဲ့ ကျောင်းသား ၁၀၀ ကျော် အတွက် အရင်က နေ့စဉ် စားဝတ်နေရေးအတွက် ပြည်တွင်းအလှူရှင်တွေနဲ့ ရပ်တည်ခဲ့ပြီး မျက်မမြင်ကျောင်းအနေနဲ့ မြို့တွင်းလှည့်လည် သီချင်းဆိုတာတွေပြုလုပ်ခဲ့ကာ အလှူရှင် ရှာဖွေခဲ့ပါတယ်။ ကိုဗစ်-၁၉ ကာလမှာ မြို့တွင်းသို့မလှည့်လည်နိုင်ဘဲ အလှူရှင်လာရောက်လှူဒါန်းမှု မရှိသလောက်ဖြစ်ကာ ကျောင်းသူကျောင်းသာတွေးအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ ပစ္စည်း အသင့်အတင့်ရှိပေမယ့်လည်း ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့ များစွာအခက်အခဲ ဖြစ်နေတယ်လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးလမုန်ကန်ဖန် က ပြောပါတယ်။ "ကျနော်တို့ကျောင်းမှာ အလုပ်သမား ၃၁ ယောက်ရှိတယ်။ လခစား ဝန်ထမ်း ၃၅ ယောက်ရှိ တယ်။ လာမယ့်လကစပြီး လခစားဝန်ထမ်းတွေအတွက် လစာပေးဖို့ရာအခက်အခဲဖြစ်နေပါတယ်။ လစာမပေးနိုင်တော့တဲ့ အခြေအနေကို ဖြစ်နေပါတယ်”လို့ ပြောပါတယ်။ ကချင်ပြည်နယ်မှာ တစ်ကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းကို ၁၉၈၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး အစိုးရဘတ်ဂျက် နိုင်ငံတကာအလှူရှင်တွေ မပါဘဲ ပြည်တွင်းအလှူရှင် တွေနဲ့သာ ရပ်တည်နေခဲ့တာပါ။ ကိုဗစ်ကာလမှာ အစိုးရကျောင်းတွေနည်းတူ ပိတ်ထားတဲ့အတွက် မိဘတွေထံ ပြန်သွားတဲ့ ကျောင်းသားတွေလည်းရှိပြီး မပြန်နိုင်တဲ့ ကျောင်းသားတွေအတွက် အနှိပ်ပညာနဲ့ အခြား လက်မှုပညာတွေလည်း ဆက်လက် သင်ကြားပေးနေတယ်လို့ မြစ်ကြီးနား မျက်မမြင်ကျောင်းထံက သိရပါတယ်။ သတင်း - ထူးထူး (ဗိုလ်ကလေး)
8 months Ago
Up