မြစ်ကြီးနား မျက်မမြင်ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့သဖြင့် လော့ဒေါင်းချ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်မှာရှိတဲ့ မျက်မမြင်ကျောင်းမှာ ဇူလိုင် ၁၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့လို့ လော့ဒေါင်းချလိုက်တယ်လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီးက ပြောပါတယ်။
မျက်မမြင် ကျောင်းသား ကလေးနှစ်ယောက် အနံ့မရတော့တာကြောင့် ဆေးရုံမှာ သွားရောပ်စစ်ဆေးခဲ့ရာက ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
"မြို့နယ်က အကုန်လုံးစစ်မလားတော့မသိဘူး၊ ရပ်ကွက်ကတော့ စာရင်းပေးပါဆိုတာနဲ့ ဝန်းထဲမှာရှိတဲ့ ဝန်းနေမိသားစုအကုန် ပို့ပေးထားပါတယ်" လို့ မျက်မမြင်ကျောင်းအုပ်ဆရာကြီး ဦးလမုန်ကန်ဖန်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တစ်ကျောင်းတည်းသာရှိတဲ့ မြစ်ကြီးနား မျက်မမြင်ကျောင်းကို ၁၉၈၁ ခုနှစ်က စတင် တည်ထောင်ခဲ့တာပါ။
မြစ်ကြီးနားမှာ ဇူလိုင် ၂ ရက်ကနေ ၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ကျော်နဲ့ သေဆုံးသူ ၃ ဦးရှိပါတယ်။
မြစ်ကြီးနားဆေးရုံမှာ လက်ရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ထားရှိဖို့ ကုတင်နေရာ မလုံလောက်တာကြောင့် လူနာသစ်တွေ လက်မခံဘဲ ခေတ္တရပ်နားထားတယ်လို့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ကချင်ပြည်နယ်မှာ ဇွန် ၂၀ ရက်နေ့ကနေ ဇူလိုင် ၁၃ ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂၄၀ ဦး ရှိတယ်လို့ သိရပါတယ်။