close

မြန်မာဖူဆယ်အသင်း

close

April 6, 2022

အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းဟာ ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အုပ်စု ပထမနေရာကနေ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းက ကစားခဲ့တဲ့ အရှေ့တီမောနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ မြန်မာအသင်းက အုပ်စုပထမနေရာရဖို့ ဖိဖိစီးစီး ကစားခဲ့ပြီး ၁၀ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အုပ်စုတွင်း ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့ ဗီယက်နမ်နဲ့ ရမှတ်ချင်း တူညီနေပေမယ့် ဂိုးကွာခြားချက်မှာ ၂ ဂိုးအသာ ရခဲ့တာကြောင့် အုပ်စုပထမနေရာ ရခဲ့တာပါ။

မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဗီယက်နမ်နဲ့ တဂိုးစီသရေကျခဲ့ပြီး ဒုတိယပွဲစဉ်မှာ သြစတြေးလျအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အုပ်စုပထမနေရာရခဲ့တဲ့ မြန်မာဖူဆယ်အသင်းဟာ လာမယ့် ဧပြီ ၈ ရက်မှာ တဖက်အုပ်စုမှာ ဒုတိယရခဲ့တဲ့ အင်ဒိုနီးရှားနဲ့ ယှဉ်ပြိုင်သွားရမှာပါ။ တခြားဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ ဗီယက်နမ်တို့ တွေ့ဆုံပါတယ်။

အခုပြိုင်ပွဲဟာ အာဆီယံ ဖူဆယ်ပြိုင်ပွဲဖြစ်ပေမယ့် အာရှခြေစစ်ပွဲစဉ် အဖြစ်လည်း သတ်မှတ်ထားပြီး ပထမ၊ ဒုတိယနဲ့ တတိယရရှိတဲ့ အသင်း ၃ သင်းက အာရှခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။

မြန်မာဖူဆယ်အသင်းကို ထိုင်းလူမျိုး နည်းပြ ဘွန်လတ်က တာဝန်ယူ ကိုင်တွယ်နေပြီး ခြေစွမ်းတိုးတက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။

14 mins Ago

October 22, 2019

မြန်မာဖူဆယ်အသင်း ကမ္ဘောဒီးယားအသင်းကို (၁၃-၃) ဂိုးဖြင့် အနိုင်ရ

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့မှာ ကျင်းပနေတဲ့  AFF HD Bank Futsal Championship 2019 ပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက ကမ္ဘောဒီးယားအသင်းကို (၁၃-၃) ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပြီးခဲ့တဲ့ ရက်က ကန်သွားတဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ မြန်မာအသင်းက  အရှေ့တီမောအသင်းကို ၆-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့သွားတဲ့အတွက် လက်ရှိအချိန်မှာ မြန်မာအသင်းက  နိုင်ပွဲ ၂ ပွဲရရှိထားပြီး အုပ်စု ကတက်ဖို့ အခြေအနေကောင်းနေပါတယ်။  မြန်မာအသင် းပါဝင်တဲ့ အုပ်စု (က)မှာ ထိုင်း၊ ကမ္ဘောဒီးယားအသင်းနဲ့ အရှေ့တီမောအသင်းတွေ ပါဝင်နေတာဖြစ်ပြီး ထိုင်းအသင်းကလည်း ကမ္ဘောဒီးယားအသင်းကို ၁၂-၀ ဂိုးဖြင့် အနိုင်ရထားပါတယ်။ အုပ်စု (ခ)မှာတော့ အိမ်ရှင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဩစတြေးလျ အသင်းတွေ ယှဉ်ပြိုင်နေကြပါတယ်။ ဓာတ်ပုံ- MFF
2 years Ago
Up