close

မြန်မာ ၂၆ ဦး

close

February 27, 2022

ပွဲစားခဘတ် ၃ သောင်းထိပေးပြီး ထိုင်းဘက် တရားမဝင်လာသည့် မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို ပွဲစားခဘတ် ၃ သောင်းထိပေးကာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ထိုင်းနိုင်ငံအနောက်ဘက် ခရိုင် ၃ ခုထဲမှာ အုပ်စု ၂ စု ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်ပါဝင်ပြီး သူတို့ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့ ကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ပွဲစား ၅ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသ မြို့တွေကနေ ထိုင်းနိုင်ငံ ဆမွတ်စာခွန်၊ ရာယောင်၊ ကန်ချနဘူရီနဲ့ ဘန်ကောက်စတဲ့ ဒေသ အသီးသီးမှာ အလုပ်လုပ်ဖို့ တယောက်ကို ပွဲစားခဘတ် ၁ သောင်းခွဲကနေ ၃ သောင်းကြားပေးပြီး လာခဲ့ရတာဖြစ်ပြီး တချို့ကတော့ ဦးတည်ရာ နေရာတွေရောက်မှပေးဖို့ ကတိကဝတ်နဲ့ လာခဲ့ကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သူတို့ကို မောန်၊ ဆွိုင်ယောက်နဲ့ ထောင်ဖာဖွန်ရဲစခန်းတွေဆီ အသီးသီးလွှဲ ပြောင်းပို့ဆောင်ထားပြီး ဉပဒေအရ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်ကာ နေရပ်ပြန်ပို့နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာဖို့ ကူညီခဲ့တဲ့ ထိုင်းအမျိုး သားပွဲစား ၅ ယောက်ကိုလည်း ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဖော်ပြပါတယ်။

12 hours Ago

October 12, 2019

တရုတ်နိုင်ငံကို လူကုန်ကူးခံရသူများနှင့် အလုပ်အဆင်မပြေသည့် မြန်မာ ၂၆ ဦး နေရပ်ပြန်ရန် ကူညီပေးခဲ့

တရုတ်နိုင်ငံကို လူကုန်ကူးခံခဲ့ရသူတွေနဲ့ အလုပ်အကိုင် အဆင်မပြေတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လထဲမှာ တာဝန်သိပြည်သူတယောက်က တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်နဲ့ ကျန်းရှီးပြည်နယ်တို့မှာ လူကုန်ကူးခံရပြီး တရုတ်အမျိုးသားတွေဆီကို အမျိုးသမီး ၃ ယောက် ရောင်းစားခံထားရတယ်လို့ သတင်းပေးလာတာကြောင့် ပေကျင်းမြို့၊ မြန်မာသံရုံးက သူတို့ကို ကူညီကယ်တင်နိုင်ဖို့ သက်ဆိုင်ရာ ပြည်နယ်လုံခြုံရေးဌာနတွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအမျိုးသမီးတွေဟာ လူပွဲစားတယောက်က တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရမယ်လို့ ပြောဆို ခေါ်ဆောင်လာပြီး တရုတ်အမျိုးသားတွေဆီ မယားအဖြစ် ရောင်းစားခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီ ၃ ယောက်ထဲက ၂ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ မြန်မာနိုင်ငံကို ပြန်ပို့ပေးခဲ့ပြီး ကျန်နေတဲ့ တယောက်ကိုလည်း ပြန်ပို့နိုင်ဖို့ သူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ သက်သေခံလက်မှတ် (Certificate of Identity) ကို အောက်တိုဘာ ၈ ရက်မှာ ကျန်းရှီးပြည်နယ် လုံခြုံရေးဌာနကို ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံ ရှန်းတုံးပြည်နယ်၊ ဝေဟိုင်မြို့မှာ ရောင်းစားခံရထားရတဲ့ မြန်မာနိုင်ငံသား ၂၂ ယောက်ကို ကူညီကယ်တင်ပေးဖို့ အခု အောက်တိုဘာလထဲမှာပဲ ဆက်သွယ် ပြောကြားလာတာကြောင့် မြန်မာသံရုံးကနေ သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။  သူတို့ဟာ တရုတ်နိုင်ငံက မုန့်စက်ရုံတွေမှာ အလုပ်ရမယ်ဆိုပြီး အလုပ်ပွဲစားတွေက ပြောဆို ခေါ်ဆောင်လာပေမယ့် တကယ်မှာတော့ ကျောက်ခွဲလုပ်ငန်းစတဲ့ ပင်ပန်းတဲ့ အလုပ်တွေပဲ လုပ်နေရတာကြောင့် မြန်မာနိုင်ငံကို ပြန်ချင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေဘဝဲစက်ရုံမှာ လုပ်ကိုင်နေတဲ့ ချင်းပြည်နယ်က မြန်မာနိုင်ငံသား ၄ ယောက်ကလည်း အဲဒီ ၂၂ ယောက်နဲ့အတူ မြန်မာနိုင်ငံကို ပြန်ချင်တယ်လို့ သံရုံးကို ဆက်သွယ်လာတာကြောင် သံရုံးရဲ့ ညှိနှိုင်းဆောင်ရွက်ပေးမှုအရ သူတို့ ၂၆ ယောက်လုံးဟာ အောက်တိုဘာ ၉ ရက်နေ့ကပဲ တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်ကနေ မြန်မာနိုင်ငံကို ပြန်ထွက်သွားပြီလို့ ဆိုပါတယ်။
2 years Ago
Up