ပွဲစားခဘတ် ၃ သောင်းထိပေးပြီး ထိုင်းဘက် တရားမဝင်လာသည့် မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံဘက်ကို ပွဲစားခဘတ် ၃ သောင်းထိပေးကာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၆ ယောက်ကို ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ ထိုင်းနိုင်ငံအနောက်ဘက် ခရိုင် ၃ ခုထဲမှာ အုပ်စု ၂ စု ဖမ်းဆီးနိုင်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်ပါဝင်ပြီး သူတို့ကို နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့ ကူညီပေးခဲ့တဲ့ ထိုင်းနိုင်ငံသား ပွဲစား ၅ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို စစ်ဆေးမေးမြန်းချိန်မှာတော့ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင်ဒေသ မြို့တွေကနေ ထိုင်းနိုင်ငံ ဆမွတ်စာခွန်၊ ရာယောင်၊ ကန်ချနဘူရီနဲ့ ဘန်ကောက်စတဲ့ ဒေသ အသီးသီးမှာ အလုပ်လုပ်ဖို့ တယောက်ကို ပွဲစားခဘတ် ၁ သောင်းခွဲကနေ ၃ သောင်းကြားပေးပြီး လာခဲ့ရတာဖြစ်ပြီး တချို့ကတော့ ဦးတည်ရာ နေရာတွေရောက်မှပေးဖို့ ကတိကဝတ်နဲ့ လာခဲ့ကြတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ သူတို့ကို မောန်၊ ဆွိုင်ယောက်နဲ့ ထောင်ဖာဖွန်ရဲစခန်းတွေဆီ အသီးသီးလွှဲ ပြောင်းပို့ဆောင်ထားပြီး ဉပဒေအရ စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်ကာ နေရပ်ပြန်ပို့နိုင်ရေး လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာဖို့ ကူညီခဲ့တဲ့ ထိုင်းအမျိုး သားပွဲစား ၅ ယောက်ကိုလည်း ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဖော်ပြပါတယ်။