close

မြို့ပြစစ်ဆင်ရေး

close

September 15, 2022

မြို့ပြစစ်ဆင်ရေးအတွက် မြို့ပြဗျောက်ကမ်ပိန်းစတင်၊ ကန်ဒေါ်လာ ၃ သိန်းရရှိရန် မျှော်မှန်း

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မြို့ပြစစ်ဆင်ရေးအတွက် ရည်ရွယ်ပြုလုပ်တဲ့ “အရှိန်မြှင့်လို့နှစ်ဆလှူ မြို့ပြဗျောက်ကို ဝိုင်းလို့ကူ” ကမ်ပိန်းမှာ အားလုံးပါဝင်ထောက်ပံ့နိုင်ဖို့ နှိုးဆော်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဗိုလ်အယ်ဆေးဝါး ဦးစီးတဲ့ LION Battalion ကွန်မန်ဒို အထူးတပ်ဖွဲ့အနေနဲ့ ပထမဆုံးပြုလုပ်တာဖြစ်ပြီး စက်တင်ဘာ ၁၅ ရက် ဒီကနေ့ကနေ လာမယ့် အောက်တိုဘာ ၁၅ ရက်အထိ တလအတွင်း ပါဝင်ထောက်ပံ့ကူညီနိုင်မှာ ဖြစ်ပါတယ်။

ပါဝင်ထောက်ပံ့လိုတဲ့ ပြည်သူတွေအနေနဲ့ ပြည်တွင်းကရော ပြည်ပနိုင်ငံတွေကပါ ငွေပေးချေမှုပုံစံ အမျိုးမျိုးနဲ့ ပါဝင်နိုင်မှာဖြစ်ကာ သက်ဆိုင်ရာနိုင်ငံတွေအလိုက် ဆက်သွယ်နိုင်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက် အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော်ထိ ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေအတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည်နယ်မြေ အကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာ ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်သွယ်လှူဒါန်းရန်လင့်ခ်များ-

💥အရှိန်မြင့်လို့နှစ်ဆလှူ

မြို့ပြဗျောက်ကိုဝိုင်းလို့ကူ💥

ပြည်တွင်း/ပြည်ပ မှာရှိနေတဲ့သူတွေအနေနဲ့

Wave,K-pay,NUG pay,Thai Bank,Western Union

များဖြင့်လှူဒါန်းနိုင်သလို——

သက်ဆိုင်ရာနိုင်ငံများရှိ

Fundraising organization partner များဖြစ်သော

အောက်ပါ Link များမှဆက်သွယ်သွယ်လှူဒါန်းနိုင်မှာဖြစ်ပြီး

💢U.S.A🇺🇸

➖Thar Thar Fundraising

https://www.facebook.com/Thethtethmu95

💢Japan🇯🇵

➖Yaw Funding Japan

https://www.facebook.com/mk.ht.545

💢Macao🇲🇴

➖Macao Karen Friendship Association

https://www.facebook.com/profile.php?id=100080688784270

💢Thailand🇹🇭

➖KawTooLei Federal

https://www.facebook.com/profile.php?id=100079889028011

➖ကမ္ဘာမကြေရွှေညီကိုများအသင်း

https://www.facebook.com/ZinMin1824

💢Malaysia🇲🇾

➖Sawthiha Fundraising

https://www.facebook.com/sawthiha.tun.353

💢Domestic🇲🇲

-Supporting For Freedom-SFF

https://m.facebook.com/Supporting-For-Freedom-SFF-101113856079381/

အခြားသောနိုင်ငံများမှအလှူရှင်များလှူဒါန်းနိုင်ရန်နှင့်

အသေးစိတ်ချိတ်ဆက်မှူများအတွက် အောက်ပါ Link များမှတဆင့် ဆက်သွယ်မေမြန်းနိုင်ပါတယ်…..။

➖Lion Battalion Facebook page

https://www.facebook.com/LION-Battalion-Commando-Special-Force-103886462411426/

➖Saw Khant

https://www.facebook.com/profile.php?id=100082364195285

အလှူငွေများလှူဒါန်းပြီးသည့်အခါ

မြို့ပြ……. ဗျောက် Certificate များကိုပြန်လည်ပေးအပ်သွားပါမည်ဖြစ်ပါသည်…..။

4 mins Ago

October 30, 2021

မြို့ပြစစ်ဆင်ရေး အရှိန်မြှင့်တင်ရေးအတွက် CCTV များ ဖြုတ်ထားရန် ရေး PDF သတိပေး

စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တွေကို မွန်ပြည်နယ်  ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပြစစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်ရေးအတွက် CCTV ကင်မရာများ ဖြုတ်ထားပေးဖို့ ရေး  PDF က သတိပေးလိုက်ပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ စစ်ကောင်စီရဲ့   traffic control CCTV များသာမက ဒေသခံပြည်သူတွေရဲ့ အဆောက်အအုံတွေက အများပြည်သူသွားလာရာ လမ်းတွေကို ချိန်ထားတဲ့  CCTV တွေကို သတိပြုရှောင်နေရတယ်လို့ ရေး PDF က အောက်တိုဘာ ၂၉ ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က CCTV တွေကို ကြည့်ရှုစစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လမ်းနယ်မြေကို ချိန်ထားတဲ့  CCTV တွေ အမြန်ဆုံး ဖြုတ်ပေးဖို့ ရေး PDF က အသိပေးထားပါတယ်။

အဆိုပါ လမ်းနယ်မြေကို ချိန်ထားတဲ့ CCTV ကြောင့် မြို့ပြပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရပါက အဆိုပါ အိမ်အား စစ်ကောင်စီ သတင်းပေးအဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေကို ရေး PDF က ဗုံးခွဲတိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

11 months Ago
Up