close

မြို့ပြစစ်ဆင်ရေး အရှိန်မြှင့်တင်ရေးအတွက် CCTV များ ဖြုတ်ထားရန် ရေး PDF သတိပေး

စစ်ကောင်စီ လက်ပါးစေ လက်နက်ကိုင်တွေကို မွန်ပြည်နယ်  ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ပြစစ်ဆင်ရေး အရှိန်အဟုန်မြှင့်တင်ရေးအတွက် CCTV ကင်မရာများ ဖြုတ်ထားပေးဖို့ ရေး  PDF က သတိပေးလိုက်ပါတယ်။

ဖောက်ခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ စစ်ကောင်စီရဲ့   traffic control CCTV များသာမက ဒေသခံပြည်သူတွေရဲ့ အဆောက်အအုံတွေက အများပြည်သူသွားလာရာ လမ်းတွေကို ချိန်ထားတဲ့  CCTV တွေကို သတိပြုရှောင်နေရတယ်လို့ ရေး PDF က အောက်တိုဘာ ၂၉ ရက်နေ့ညမှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖောက်ခွဲတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က CCTV တွေကို ကြည့်ရှုစစ်ဆေးပြီး ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် လမ်းနယ်မြေကို ချိန်ထားတဲ့  CCTV တွေ အမြန်ဆုံး ဖြုတ်ပေးဖို့ ရေး PDF က အသိပေးထားပါတယ်။

အဆိုပါ လမ်းနယ်မြေကို ချိန်ထားတဲ့ CCTV ကြောင့် မြို့ပြပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရပါက အဆိုပါ အိမ်အား စစ်ကောင်စီ သတင်းပေးအဖြစ် သတ်မှတ်ပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်တပ်၊ ရဲစခန်း၊ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးတွေကို ရေး PDF က ဗုံးခွဲတိုက်ခိုက် ပစ်ခတ်မှုတွေကြောင့် အနည်းဆုံး ၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up