close

မြို့ပြပြောက်ကျားတပ်ဖွဲ့

close

October 13, 2022

မရမ်းကုန်း ဆက်သွယ်ရေးတပ် အိမ်ထောင်သည်လိုင်းခန်း ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်၊ တော်ဝင်လမ်းရှိ စစ်အကူလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ ဆက်သွယ်ရေးတပ်ဖွဲ့ရဲ့ အိမ်ထောင်သည်လိုင်းခန်းမှာ အောက်တိုဘာ ၁၂ ရက် မနက် ၈ နာရီခွဲလောက်က  ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရပ်ကွက်နေသူတစ်ဦးက “ညဘက် ဗုံးပေါက်တာဆိုတော့ မိန်းမအသံတွေရော၊ ကလေးအသံတွေရော ဆူညံနေတာပဲ။ စက်ပစ္စည်းတချို့ ပျက်စီးသွားတယ်လို့ ကြားတယ်။ လူတွေကတော့ ထိ မထိမသိရဘူး” လို့ ပြောပါတယ်။

ဆက်သွယ်ရေးတပ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖြစ်တဲ့ War of Hunter Revolution Force (WOH) က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုမှာ ဆက်သွယ်ရေးတပ်က လူနှယောက် ထိခိုက်ဒဏ်ရာရတယ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

မနေ့ညနေပိုင်းက လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းလည်း ဗုံးခွဲတိုက်ခိုက်ခံရသလို တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် ရတနာလမ်းရှိ Star World KTV ရှေ့မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးတွေ့လို့ စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၁ ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး သုံးဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

7 mins Ago

October 6, 2022

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ရာအိမ်မှူးတဦး ပိုင်ဆိုင်သည့် အဖျော်ယမကာစတိုးဆိုင် သတိပေးဖောက်ခွဲခံရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှာ ရှိတဲ့ ရာအိမ်မှူးတဦး ပိုင်ဆိုင်တဲ့ အဖျော်ယမကာ စတိုးဆိုင်တဆိုင်အနီး ပတ်ဝန်းကျင်ကို သတိပေးဖောက်ခွဲမှုတခု ပြုလုပ်ခဲ့တယ်လို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ပြောပါတယ်။ 

သတိပေးဖောက်ခွဲမှုကို အောက်တိုဘာ ၅ ရက် ည ၈ နာရီလောက် ပြုလုပ်ခဲ့တာဖြစ်ပြီး ဆိုင်အရှေ့က မော်တော်ယာဉ်တစီး ပျက်စီးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။ 

၉၂ ရပ်ကွက် ရာအိမ်မှူး ဦးအောင်ကျော်စော ပိုင်ဆိုင်တဲ့ ရွှေမြင့်မိုရ် အဖျော်ယမကာစတိုးဆိုင်မှာ စစ်တပ်ထုတ်ကုန်ဖြစ်တဲ့ မြန်မာဘီယာတွေကို အဓိကထား ရောင်းချနေပြီး  လောင်စာဆီမှောင်ခိုလုပ်ငန်းနဲ့လည်း စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် တည်ရှိနေတယ်လို့ မြို့ပြပြောက်ကျားအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ မိသားစုဝင်များကိုလည်း စစ်ကောင်စီနဲ့ သူရဲ့လက်အောက်ခံ ပျူစောထီးတွေက လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့တာကြောင့် မြို့ပြပြောက်ကျားများကလည်း ရန်ငါပြတ် ဆက်လက်တိုက်ထုတ်သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။ 

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်၊ လက်အောက်ခံ ဒေါက်တိုင်တွေနဲ့ ပတ်သက်ဆက်နွှယ်မှု မလုပ်ကြဖို့ တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ ဒဂုံတောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ SDGF နဲ့ ဒို့ရိုးရာညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က ထပ်မံအသိပေးတောင်းဆိုထားပါတယ်။

7 days Ago
Up