close

မရမ်းကုန်း ဆက်သွယ်ရေးတပ် အိမ်ထောင်သည်လိုင်းခန်း ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်၊ တော်ဝင်လမ်းရှိ စစ်အကူလက်ရုံးတပ်ဖွဲ့ဖြစ်တဲ့ ဆက်သွယ်ရေးတပ်ဖွဲ့ရဲ့ အိမ်ထောင်သည်လိုင်းခန်းမှာ အောက်တိုဘာ ၁၂ ရက် မနက် ၈ နာရီခွဲလောက်က  ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရပ်ကွက်နေသူတစ်ဦးက “ညဘက် ဗုံးပေါက်တာဆိုတော့ မိန်းမအသံတွေရော၊ ကလေးအသံတွေရော ဆူညံနေတာပဲ။ စက်ပစ္စည်းတချို့ ပျက်စီးသွားတယ်လို့ ကြားတယ်။ လူတွေကတော့ ထိ မထိမသိရဘူး” လို့ ပြောပါတယ်။

ဆက်သွယ်ရေးတပ်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ဖြစ်တဲ့ War of Hunter Revolution Force (WOH) က အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုမှာ ဆက်သွယ်ရေးတပ်က လူနှယောက် ထိခိုက်ဒဏ်ရာရတယ် ဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

မနေ့ညနေပိုင်းက လှိုင်မြို့နယ် ဘုရင့်နောင်စစ်ကြောရေးစခန်းလည်း ဗုံးခွဲတိုက်ခိုက်ခံရသလို တောင်ဥက္ကလာပမြို့နယ် ၈ ရပ်ကွက် ရတနာလမ်းရှိ Star World KTV ရှေ့မှာ မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံးတွေ့လို့ စစ်ကောင်စီတပ်က ဖောက်ခွဲခဲ့ပါသေးတယ်။

ရန်ကုန်တိုင်းအတွင်း မြို့နယ်တချို့မှာ အောက်တိုဘာ ၁ ရက်မှ ၁၁ ရက်အတွင်း ပစ်ခတ်မှုနဲ့ဗုံးပေါက်မှု ၁၅ ကြိမ်ဖြစ်ခဲ့ပြီး သုံးဦး သေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up