close

မြေငလျင်လှုပ်ခတ်

close

April 6, 2023

လင်းခေးမြို့အနီး မြေငလျင်လှုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့အနီးမှာ  ဧပြီ ၆ ရက်မနက်က   အင်အားရစ်ချတာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၇ နာရီ ၁၂ မိနစ် ၂၁ စက္ကန့်အချိန်က နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၃၅ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း  လင်းခေးမြို့ အနောက်မြောက် ၇ မိုင်ခန့်အကွာ အနက် ၂ ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။

အဆိုပါငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။

6 mins Ago

December 28, 2022

ကလေးဝမြို့အနီး မြေငလျင်လှုပ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့အနီးမှာ  အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁  အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီဇင်ဘာ ၂၈ ရက်က လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီမနက် မြန်မာစံတော်ချိန် ၁၀ နာရီ၊ ၄၈ မိနစ်၊ ၀၃ စက္ကန့်အချိန် တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက်  ၆၂ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ကလေးဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက်  ၉ မိုင် ခန့်အကွာ အနက်  ၇၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မကြားသိရသေးပါဘူး။

3 months Ago
Up