close

လင်းခေးမြို့အနီး မြေငလျင်လှုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့အနီးမှာ  ဧပြီ ၆ ရက်မနက်က   အင်အားရစ်ချတာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီနေ့မနက် ၇ နာရီ ၁၂ မိနစ် ၂၁ စက္ကန့်အချိန်က နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၃၅ မိုင် ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း  လင်းခေးမြို့ အနောက်မြောက် ၇ မိုင်ခန့်အကွာ အနက် ၂ ကီလိုမီတာကို ဗဟိုပြုပြီး  မြေငလျင်လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။

အဆိုပါငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိတဲ့ သတင်းတွေကတော့ မကြားသိရပါဘူး။

Up