close

မြေယာပြဿနာ

close

April 1, 2022

မတရားခံရမှု၊ မြေယာပြဿနာနှင့် အကြမ်းဖက်ခံရမှုများ ULA/AA သို့ တိုင်းကြားနိုင်

မတရားခံရတာတွေ၊ မြေယာပြဿနာတွေနဲ့ အကြမ်းဖက်ခံရတာ စတာတွေအတွက် တိုင်ကြားနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ကြေညာထားပါတယ်။

ခိုးမှု စတဲ့ အမှုအခင်းတွေအပြင် တရားဥပဒေ အဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ တရားရေးဌာနဆီကို အွန်လိုင်းက တဆင့်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

ရသေ့တောင်မြို့နယ် ဒေသခံတယောက်က "သူတို့ဖြေရှင်းပုံတွေကတော့ အရမ်းမျှတတယ်လို့တော့ ဆိုရမှာပါ။ သူတို့မှာ ရပ်ရွာအလိုက် ကော်မတီတွေဖွဲ့ထားတယ်။ အမှုတခုခုတိုင်ချင်ရင် ပထမဦးဆုံး သူတို့ကို အကြောင်းကြားတယ်။ သူတို့ကတဆင့် သက်ဆိုင်ရာ စခန်းတွေကို သတင်းပို့ကြတယ်။ တချို့သူတွေက တိုက်ရိုက်ရုံးသို့ သွားပြီးတော့ တိုင်ကြတာမျိုးလည်း ရှိတယ်” လို့ ပြောပါတယ်။

တချို့ကတော့ အွန်လိုင်းကနေတဆင့် တိုင်ကြားကြတာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ဘက်အစွန်းဆုံးစခန်းတွေမှာတော့ မြို့နယ်အသီးသီးက လာရောက်ပြီး တိုင်ကြတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေကတော့ အီးမေးလ်နဲ့ တယ်လီဂရမ်တို့ကတဆင့် အမှုတိုင်ကြားမယ်ဆိုရင် တိုင်ကြားသူရဲ့ နာမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ အပြည့်အစုံနဲ့ ဖုန်းနံပါတ်တို့ကို ထည့်သွင်းဖော်ပြရမယ်လို့ဆိုပြီး အမှုဖြစ်စဉ်ပြီးတဲ့အထိ မပေါက်ကြားအောင် ထိန်းသိမ်းမယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်တွေအတွက် ကျူးလွန်ခံရသူကဖြစ်ဖြစ်၊ မိသားစုဝင်ကဖြစ်ဖြစ်၊ မျက်မြင်သက်သေက ဖြစ်ဖြစ် တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

1 min Ago

September 17, 2021

တာချီလိတ် မြေယာပြဿနာပစ်ခတ်မှု တရားခံအားဖမ်းဆီးရမိ

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အားခါဈေးလမ်းမှာ စက်တင်ဘာ ၁၆ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားပြီး လူ ၂ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရခဲ့မှုမှာ ပစ်ခတ်သူကို ဖမ်းဆီး ရမိပြီဖြစ်ပါတယ်။ 

ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၃၀ ကျော်ရွယ်ရှိ စိုင်းမိုင်းဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး တာချီလိတ်မှအထွက် မတ်ယန်းဂိတ်မှာ ဖမ်းမိခဲ့တာလို့ ဝိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“ပစ်ခတ်မှုကျူးလွန်တဲ့ စိုင်းမိုင်း နဲ့ သူ့တပည့်တစ်ယောက်ကို တာဝန်ရှိသူတွေက မနေ့ညနေ ၃ နာရီခွဲလောက်မှာ ဖမ်းမိပါတယ်ခင်ဗျ။ တာချီလိတ်ကနေ ကျိုင်းတုံဘက်ကိုသွားတဲ့ မတ်ယန်း ဂိတ်မှာ ဖမ်းမိသွားတာပါ။”

စိုင်းမိုင်းမှာ ဝိန်းကျောက်ရပ်ကွက်မှ အကျယ် ၂ ဧကရှိ မြေတစ်ကွက်ကို ဒေါ်ညိုမာဆိုသူအား ရောင်းချပေးခဲ့ပြီး ဝယ်သူက ငွေချေခဲ့ပြီးဖြစ်ပေမယ့် မြေကွက်တိုင်းတာခွဲဝေမှုမှာ ပြဿနာဖြ စ်နေ တာကြာပြီလို့ ဆိုပါတယ်။ 

ဝယ်ထားတဲ့မြေကွက်မှာ ပိုင်ရှင်သစ်က အလုပ်သမားတွေနဲ့ မြေယာပြုပြင်စဉ် မနေ့ မွန်းလွဲပိုင်းက စိုင်းမိုင်းရောက်လာပြီး  စကားများခဲ့ကြောင်း၊ စိုင်းမိုင်းက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်နေရာ အနီးတဝိုက်မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ထိမှန်သွားတာလို့ ဆိုပါတယ်။ 

သေနတ်ထိမှန်သေဆုံးတဲ့ အလုပ်သမားတွေမှာ ကိုသားငယ် နဲ့ ကိုမဲကြီးတို့ဖြစ်ပြီး ဒဏ်ရာရ သူမှာ ကိုသန့်စင်ဆိုသူ ဖြစ်ကြောင်း၊  ပစ်ခတ်မှုကျူးလွန်သူမှာ ပြဿနာကို ခေါင်းအေးအေးနဲ့ မဖြေရှင်းဘဲ ကမူးရှုးထိုး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် မူးယစ်ဆေးဝါးသုံးစွဲထားခြင်းရှိမရှ်၊ စိတ်ပိုင်း ဆိုင်ရာပြဿနာရှိမရှိ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ ဝိန်းကျောက်အုပ်ချုပ်ရေးမှူးက ပြောသွားပါတယ်။ 

7 months Ago
Up