close

မတရားခံရမှု၊ မြေယာပြဿနာနှင့် အကြမ်းဖက်ခံရမှုများ ULA/AA သို့ တိုင်းကြားနိုင်

မတရားခံရတာတွေ၊ မြေယာပြဿနာတွေနဲ့ အကြမ်းဖက်ခံရတာ စတာတွေအတွက် တိုင်ကြားနိုင်တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ကြေညာထားပါတယ်။

ခိုးမှု စတဲ့ အမှုအခင်းတွေအပြင် တရားဥပဒေ အဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ တရားရေးဌာနဆီကို အွန်လိုင်းက တဆင့်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

ရသေ့တောင်မြို့နယ် ဒေသခံတယောက်က "သူတို့ဖြေရှင်းပုံတွေကတော့ အရမ်းမျှတတယ်လို့တော့ ဆိုရမှာပါ။ သူတို့မှာ ရပ်ရွာအလိုက် ကော်မတီတွေဖွဲ့ထားတယ်။ အမှုတခုခုတိုင်ချင်ရင် ပထမဦးဆုံး သူတို့ကို အကြောင်းကြားတယ်။ သူတို့ကတဆင့် သက်ဆိုင်ရာ စခန်းတွေကို သတင်းပို့ကြတယ်။ တချို့သူတွေက တိုက်ရိုက်ရုံးသို့ သွားပြီးတော့ တိုင်ကြတာမျိုးလည်း ရှိတယ်” လို့ ပြောပါတယ်။

တချို့ကတော့ အွန်လိုင်းကနေတဆင့် တိုင်ကြားကြတာတွေရှိတယ်လို့လည်း သူက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ဘက်အစွန်းဆုံးစခန်းတွေမှာတော့ မြို့နယ်အသီးသီးက လာရောက်ပြီး တိုင်ကြတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အေအေကတော့ အီးမေးလ်နဲ့ တယ်လီဂရမ်တို့ကတဆင့် အမှုတိုင်ကြားမယ်ဆိုရင် တိုင်ကြားသူရဲ့ နာမည်၊ မှတ်ပုံတင်အမှတ်၊ လိပ်စာ အပြည့်အစုံနဲ့ ဖုန်းနံပါတ်တို့ကို ထည့်သွင်းဖော်ပြရမယ်လို့ဆိုပြီး အမှုဖြစ်စဉ်ပြီးတဲ့အထိ မပေါက်ကြားအောင် ထိန်းသိမ်းမယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်တွေအတွက် ကျူးလွန်ခံရသူကဖြစ်ဖြစ်၊ မိသားစုဝင်ကဖြစ်ဖြစ်၊ မျက်မြင်သက်သေက ဖြစ်ဖြစ် တိုင်ကြားနိုင်တယ်လို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up