close

မြောက်ကယ်ရိုလိုင်းနား

close

October 14, 2022

မြောက်ကယ်ရိုလိုင်းနားတွင် ရဲအရာရှိ ၁ ဦး အပါအဝင် လူ ၅ ဦး ပစ်သတ်ခံရ

မြောက်ကယ်ရိုလိုင်းနားမြို့တော် Raleigh မှာ အောက်တိုဘာ ၁၃ ရက်က ရဲအရာရှိတယောက် အပါအဝင် လူ ၅ ယောက် ပစ်သတ်ခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မြို့တော်ရဲ့ တစိတ်တပိုင်းကို ပိတ်ဆို့လိုက်ပြီး ရှာဖွေမှုကြီးကြီးမားမား လုပ်ခဲ့တာကြောင့် သံသယရှိသူတယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုကြောင့် ရဲအရာရှိ အပါအဝင်  ၂ ‌ယောက် ဒဏ်ရာရခဲ့ပြီး ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း မြို့တော်ဝန် Mary-Ann Baldwin က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြို့ရဲ့အစိတ်အပိုင်းတွေကိုဖြတ်သွားတဲ့ Neuse မြစ် Greenway လမ်းပိုင်းအနီးမှာ ညနေ ၅ နာရီလောက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ရဲတပ်ဖွဲ့က သေနတ်သမားလို့ သံသယရှိတဲ့ လူဖြူ ဆယ်ကျော်သက် အမျိုးသားတယောက်ကို သေနတ်ရှည်တလက်နဲ့ တွေ့ရှိခေါ်ဆောင်ထားပေမဲ့ ဖမ်းဆီးထားခြင်း မရှိသေးဘူးလို့ ပစ်ခတ်မှုဖြစ်ပွားအပြီး ၃ နာရီလောက်အကြာမှာ Baldwin က ပြောပါတယ်။

Raleigh ရဲတပ်ဖွဲ့က နောက်ပိုင်းမှာ “သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်သွားပါပြီ” လို့ တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

2 mins Ago

August 5, 2020

လေဆင်နှာမောင်းကြောင့် မြောက်ကယ်ရိုလိုင်းနားတွင် လူ ၁ ဦး သေဆုံး

အပူပိုင်းမုန်တိုင်း အီဆာယပ်စ်ဟာ သြဂုတ် ၄ ရက်က အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ကို ဝင်ရောက်ခဲ့ပြီး လေဆင်နှာမောင်းကြောင့် မြောက်ကယ်ရိုလိုင်းနားမှာ လူ ၁ ယောက် သေဆုံးပါတယ်။ ဘာတီကောင်တီမှာ ရွေ့လျားနေအိမ်ဇုံအတွင်း လေဆင်နှာမောင်းကြောင့် လူအများအပြား ဒဏ်ရာရခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ဒေသမီဒီယာကို ပြောပါတယ်။ ပျောက်ဆုံးနေသူ သုံး လေးယောက် ရှိပြီး နှစ်ယောက်ထက်မနည်းဟာ ကလေးတွေ ဖြစ်တယ်လို့ WITN သတင်းဌာနက ထုတ်လွှင့်ပါတယ်။  လေဆင်နှာမောင်းကြောင့် ရွေ့လျားနေအိမ် ၁၀ အိမ်ကျော် ပျက်စီးခဲ့ပြီး မော်တော်ယာဉ်တွေ တစ်စီးပေါ်တစ်စီး စုပုံထပ်ခဲ့တယ်လို့ ဒေသတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အဲဒီနောက် မုန်တိုင်းဟာ ဝါရှင်တန်နဲ့ အမေရိကန် အရှေ့မြောက်ပိုင်း တခြားမြို့တွေကို    ဦးတည်ရွေ့လျားနေပြီး  မုန်တိုင်းကြောင့် နေအိမ်သိန်းနဲ့ချီ ဓာတ်အားမရ ဖြစ်ခဲ့ရပါတယ်။ မုန်တိုင်းဗဟိုချက်ဟာ ဝါရှင်တန်ပြည်နယ်တောင်ပိုင်း မိုင် ၁၀၀ ခန့် အကွာမှာ ဖြစ်တယ်လို့လည်း အမျိုးသားဟာရီကိန်းစင်တာက  ခန့်မှန်းပါတယ်။ မုန်တိုင်းကျရောက်ဖွယ် လမ်းမှာရှိတဲ့ မိန်းပြည်နယ် အဓိကမြို့ကြီးတွေ ဖြစ်တဲ့ ဝါရှင်တန်၊ ဖီလာဒယ်ဖီးယားနဲ့ နယူးယောက်မြို့တွေမှာ အပူပိုင်းမုန်တိုင်း သတိပေးချက်ကို ဆက်ထုတ်ပြန်ထားပါတယ်။
2 years Ago
Up