close

မြောက်ကိုရီးယားစီးပွားရေး

close

July 27, 2022

မြောက်ကိုရီးယားစီးပွားရေး ကျဆင်းဟု ‌တောင်ကိုရီးယားဗဟိုဘဏ် ပြော

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ဟန့်တားရေး ဆောင်ရွက်ချက်တွေကြားမှာ မြောက်ကိုရီးယားစီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ကျဆင်းသွားခဲ့တယ်လို့ တောင်ကိုရီးယားဗဟိုဘဏ်က ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

အထီးကျန် မြောက်ကိုရီးယားနိုင်ငံထဲမှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ မနှစ်က ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကိုရီးယားဘဏ် (BOK) က ပြောပါတယ်။

၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ  မြောက်ကိုရီးယား စီးပွားရေးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။

ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးရေးနဲ့ သစ်တောထုတ်လုပ်မှု တိုးတက်လာခဲ့လို့ စီးပွားတိုးနှုန်း နှေးကွေးမှု သက်သာလာခဲ့တယ်လို့ BOK တာဝန်ရှိသူတဦးက ဆိုးလ်မြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ စီးပွားရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာကို အသိအမှတ်ပြုပေမဲ့ အချက်အလက်တွေကို မထုတ်ပြန်ပါဘူး။

တောင်ကိုရီးယားဗဟိုဘဏ်က ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေကိုသာ ယုံကြည်စိတ်ချရဆုံး ညွှန်းကိန်းတွေအဖြစ် ထည့်သွင်းစဉ်းစားထားကြပါတယ်။

6 mins Ago

July 30, 2021

မြောက်ကိုရီးယားစီးပွားရေး နှစ်ပေါင်း ၂၀ ကျော်အတွင်း အဆိုးရွားဆုံး ကျဆင်း

မြောက်ကိုရီးယားနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေ၊ ကိုဗစ်ပိတ်ဆို့မှု အစီအမံတွေနဲ့ ရာသီဥတုဆိုးရွားမှုတို့ကြောင့် အလဲထိုးခံနေရပြီး ၂၀၂၀ ပြည့်နှစ်မှာ  ၂၃ နှစ်အတွင်း အကြီးမားဆုံး စီးပွားရေးကျဆင်းမှုကို  ခံစားခဲ့ရတယ်လို့ တောင်ကိုရီးယားဗဟိုဘဏ်က ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။ 

အထီးကျန်နိုင်ငံ မြောက်ကိုရီးယားရဲ့ စီးပွားရေးမှာ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး  (ဂျီဒီပီ) ဟာ မနှစ်က ၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ကိုရီးယားဘဏ် (BOK) က  ပြောပါတယ်။ 

၁၉၉၇ ခုနှစ်နောက်ပိုင်း စီးပွားရေးအဆိုးရွားဆုံးဖြစ်ပြီး သုံးနှစ်အတွင်း ပထမဦးဆုံးတိုးတက်မှုဖြစ်တဲ့ ၂၀၁၉ ခုနှစ်က ၀ ဒသမ ၄ ရာခိုင်နှုန်း စီးပွားရေးတိုးတက်မှုဟာ ပြောင်းပြန်ဖြစ်သွားတယ်လို့လည်း ဆိုပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကို တရားဝင်အတည်ပြုခြင်း မရှိသေးပေမဲ့ လည်း ကိုရိုနာဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအမံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ပျက်ကွက်ခြင်းဟာ ကြီးမားတဲ့ အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့တယ်လို့ ခေါင်းဆောင် ကင်ဂျုံအန်းက ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ပြောခဲ့ပါတယ်။ 

ကပ်ရောဂါဖြစ်ပွားပြီးနောက်မှာ မြောက်ကိုရီးယားဟာ နယ်စပ်တွေကို ပိတ်လိုက်ပြီး တရုတ်နဲ့ကုန်သွယ်မှုကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ 

မြောက်ကိုရီးယား စီးပွားရေးရဲ့ ၂၈ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ စက်မှုထုတ်ကုန်တွေက ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားပြီး လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ ရေထွက်ကုန်တွေကနေ ၇ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ပြနေပါတယ်။ 

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားရဲ့ နိုင်ငံတကာ ကုန်သွယ်မှုပမာဏဟာ အရင်နှစ်က ဒေါ်လာ ၀ ဒသမ ၈၆ ဘီလီယံအထိ ၇၃ ဒသမ ၄ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပါတယ်။ 

12 months Ago
Up