close

မြောက်ကိုရီးယားစီးပွားရေး ကျဆင်းဟု ‌တောင်ကိုရီးယားဗဟိုဘဏ် ပြော

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ဟန့်တားရေး ဆောင်ရွက်ချက်တွေကြားမှာ မြောက်ကိုရီးယားစီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ကျဆင်းသွားခဲ့တယ်လို့ တောင်ကိုရီးယားဗဟိုဘဏ်က ဇူလိုင် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

အထီးကျန် မြောက်ကိုရီးယားနိုင်ငံထဲမှာ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ မနှစ်က ၀ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ကိုရီးယားဘဏ် (BOK) က ပြောပါတယ်။

၁၉၉၇ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ  မြောက်ကိုရီးယား စီးပွားရေးဟာ ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တာပါ။

ရာသီဥတုအခြေအနေကြောင့် စိုက်ပျိုးရေးနဲ့ သစ်တောထုတ်လုပ်မှု တိုးတက်လာခဲ့လို့ စီးပွားတိုးနှုန်း နှေးကွေးမှု သက်သာလာခဲ့တယ်လို့ BOK တာဝန်ရှိသူတဦးက ဆိုးလ်မြို့တော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ စီးပွားရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတာကို အသိအမှတ်ပြုပေမဲ့ အချက်အလက်တွေကို မထုတ်ပြန်ပါဘူး။

တောင်ကိုရီးယားဗဟိုဘဏ်က ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေကိုသာ ယုံကြည်စိတ်ချရဆုံး ညွှန်းကိန်းတွေအဖြစ် ထည့်သွင်းစဉ်းစားထားကြပါတယ်။

//
Up