close

မြောက်ကိုရီးယား

close

May 10, 2023

ရန်လိုနေသူများကို ရုရှားက အောင်နိုင်မည်ဟု မြောက်ကိုရီးယား ခေါင်းဆောင်ပြော

ရုရှားဟာ နယ်ချဲ့သမားတွေလို့ ဆိုထားတဲ့ ရန်လိုနေတဲ့ တပ်ဖွဲ့တွေအပေါ် အောင်နိုင်ပါလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က သတင်းထုတ်ပါတယ်။

နိုင်ငံတကာ တရားမျှတမှုကို ဖော်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ကာကွယ်ဖို့နဲ့ ဩဇာအာဏာ လက်တံရှည်သူတွေနဲ့ နယ်ချဲ့တွေရဲ့ မတရားပြုမူမှုတွေကနေ ကာကွယ်ဖို့အတွက် မြင့်မြတ်တဲ့စစ်ပွဲကို သတ္တိရှိရှိ ဆင်နွှဲနေတဲ့ သမ္မတ ဗလာဒီမာ ပူတင်၊ ရုရှားစစ်တပ်နဲ့ ရုရှားပြည်သူတွေကို နွေးထွေးတဲ့ နှုတ်ခွန်းဆက်စကား ပြောကြားချင်တယ်လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ထံ ပေးစာတစောင်မှာ ကင်မ်က ပြောကြားခဲ့ကြောင်း KRT သတင်းမှာ ဖော်ပြပါတယ်။

ဒီမှတ်ချက်စကားတွေဟာ ယူကရိန်းနဲ့ သူ့ကို ကျောထောက်နောက်ခံပေးထားတဲ့ အမေရိကန်လို အနောက်နိုင်ငံကို ရည်ရွယ်ကြောင်း ရှုမြင်ထားပါတယ်။

မြောက်ကိုရီးယားဟာ ကရင်မလင်နန်းတော်နဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ပြီး မနှစ်က ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ မော်စကိုကို ကျောထောက်နောက်ခံ ပြုခဲ့ပါတယ်။

11 mins Ago

May 4, 2023

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း တည်ငြိမ်ရေးအပေါ် စိုးရိမ်မှုမြင့်တက်

တောင်ကိုရီးယားရဲ့ အမေရိကန်လိုလားတဲ့ သံတမန်ရေးရာနဲ့ မြောက်ကိုရီးယား (DPRK) အပေါ် တင်းမာတဲ့ ဆက်ဆံရေးနဲ့ ရန်စမှုတွေကြောင့် ဒေသတွင်း တည်ငြိမ်ရေးအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်လို့ အကြီးတန်း ကိုရီးယားကျွမ်းကျင်သူတွေကို ကိုးကားပြီး တရုတ်အခြေစိုက် စီစီတီဗီ သတင်းဌာနက ထုတ်လွှင့်ပါတယ်။

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးဟာ သမ္မတ ဂျိုးဘိုင်ဒင်နဲ့ နှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွက် ဧပြီ ၂၄ ရက်ကစပြီး အမေရိကန်နိုင်ငံဆီ သီတင်းတပတ်ကြာ နိုင်ငံတော်အလည်အပတ်ခရီး သွားခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုအပြီး တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ နျူးကလီးယား အတိုင်ပင်ခံအဖွဲ့ (NCG) ထူထောင်ရေးနဲ့ တောင်ကိုရီးယားဆီ နျူးကလီးယား ပဲ့ထိန်းဒုံးကျည် ရေငုပ်သင်္ဘော လာရောက်လည်ပတ်မယ့် ဝါရှင်တန်ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

နျူးကလီးယားဟန့်တားရေး မဟာဗျူဟာက ပြဿနာအပေါ် မြောက်ကိုရီးယားက  ပိုပြင်းပြင်းထန်ထန် တုံ့ပြန်နိုင်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ တောင်ကိုရီးယား-တရုတ် မြို့တော်ချစ်ကြည်ရေးအသင်း အကြီးအကဲ ကွမ်ကီစစ်ခ်က  ပြောကြားခဲ့ပါတယ်။

၂၀ ရာစုအတွင်း တောင်ကိုရီးယားအစိုးရရဲ့ အယူဝါဒကွဲလွဲမှုတွေကြောင့် ဆန့်ကျင်ဘက်အသွင်ဆောင်တဲ့ ‘စစ်အေးပုံစံ’ သံခင်းတမန်ခင်းဆီ ပြန်ရောက်နေပြီလို့ ဆိုပါတယ်။

အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားလက်နက်တွေ ဖြန့်ကြက်ချထားတာဟာ စစ်ပွဲတွေကို နှိုးဆွဖို့ အန္တရာယ်ရှိတဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အမေရိကန် စစ်ဘက်အရာရှိဟောင်း စကော့ ဘန်းနက်က ဘိုင်ဒင်အစိုးရဟာ အလွန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်နဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ပဋိပက္ခကို ပြဿနာရှာနေတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်က ခုလို အစုလိုက်အပြုံလိုက် ပျက်စီးစေတဲ့ လက်နက်တွေ ဖြန့်ကြက်တာဟာ ဒေသတွင်း အခြေအနေကို မီးလောင်ရာ လောင်စာဆီထည့်နေတာလို့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများ စည်းရုံးလှုံ့ဆော်ပေးနေတဲ့ Women Cross DMZ ကို တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ ခရစ်စတင်း အန်းက ပြောပါတယ်။

6 days Ago
Up