မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ NATO ရဲ့ စစ်သား ၁၀၀၀ ကျော်ဟာ ဧပြီ ၁၁ ရက်နေ့က မြောက်မက်ဆီဒိုးနီးယားနိုင်ငံ ခရီဗိုလက်ခ် စစ်အခြေစိုက်စခန်းမှာ စစ်ရေးလေ့ကျင်မှု အပြင်းအထန် လုပ်ခဲ့ပါတယ်။
ယခင် ယူဂိုဆလပ်ပြည်ထောင်စုမှ ခွဲထွက်လာတဲ့ မြောက်မက်ဆီဒိုးနီးယားဟာ ၂၀၂၀ ဧပြီလမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ရဲ့ နံပါတ် ၃၀ မြောက်အဖွဲ့ဝင်နိုင်ငံပါ။ စစ်သားတွေဟာ တင့်ကားတွေ၊ ဟယ်လီကောပတာတွေနဲ့ တိုက်ခိုက်ရေးလေ့ကျင့်မှုတွေ အပြင်းအထန် လုပ်ခဲ့တာပါ။
ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ဥရောပအရှေ့မျက်နှာစာဖြစ်တဲ့ လစ်သူယေးနီးယားနဲ့ ဘောလ်တစ်နိုင်ငံတွေမှာ နေတိုးတပ်ဖွဲ့တွေ ပိုပြီး တပ်ဖြန့်ချထားလာပါတယ်။
ရုရှားနဲ့ ကီလိုမီတာ ၁၃၀၀ နယ်နိမိတ်ဆက်နေတဲ့ ဖင်လန်နဲ့ ဆွီဒင်တို့ကလည်း နေတိုးအဖွဲ့ထဲ အမြန်ဝင်ဖို့ စဉ်းစားလာပါတယ်။
မြောက်မက်ဆီဒိုးနီးယားအသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ဗိုလ်လုပွဲက သေရေးရှင်ရေးပွဲစဉ် ဖြစ်တယ်လို့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ပြောပါတယ်။
ပေါ်တူဂီအသင်းဟာ ဆီမီးဖိုင်နယ်မှာ တူရကီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ဖို့ အဆုံးအဖြတ်ပွဲစဉ်အနေနဲ့ အီတလီကို အနိုင်ယူခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားနဲ့ မက် ၃ဝ ရက်နေ့ ယှဉ်ပြိုင်သွားရမှာပါ။
ခြေစစ်ပွဲ အောင်မြင်ဖို့အတွက် သေရေးရှင်ရေးပွဲစဉ်ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ကစားသမားတွေ ခွန်အားဖြစ်စေဖို့အတွက် အားပေးကြဖို့ ရော်နယ်ဒိုက တောင်းဆိုခဲ့ပါတယ်။
“ဒီပွဲက ကျနော်တို့အတွက် သေရေးရှင်ရေးပွဲစဉ်ပါပဲ။ အနိုင်ယူပြဖို့ တာဝန်ဝတ္တရားလည်း ရှိနေတယ်။ ဒီပွဲက ကျနော်တို့ရဲ့ အသက်တမျှ အရေးပါတဲ့ပွဲစဉ်လည်း ဖြစ်တယ်။ သူတို့အသင်းက အံ့အားသင့်စရာ ရလဒ်တွေ အများကြီး လုပ်ပြတက်ပေမယ့် ကျနော်တို့ကိုတော့ အဲဒီလို ထပ်လုပ်ပြနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်” လို့ စီရော်နယ်ဒိုက ပြောပါတယ်။
အသက် ၃၇ နှစ်ရှိလာတဲ့ ရော်နယ်ဒိုဟာ လာမယ့် ကာတာကမ္ဘာ့ဖလားက သူ့ရဲ့နောက်ဆုံးပြိုင်ပွဲ ဖြစ်လာနိုင်ပြီး ခြေစစ်ပွဲအောင်ဖို့ ပစ်မှတ်ထားနေတာပါ။
ရော်နယ်ဒိုဟာ ၂၀၁၆ ခုနှစ်မှာ ယူရိုချန်ပီယံဖြစ်အောင်စွမ်းဆောင်ထားပေမယ့် ကမ္ဘာ့ဖလားမှာတော့ အမြင့်ဆုံးအောင်မြင်မှုအနေနဲ့ ၂၀၀၆ ခုနှစ်က စတုတ္ထဆုသာ ရရှိထားပါတယ်။