close

မြောက်ဦးမြို့နယ်

close

October 3, 2022

မြောက်ဦးမြို့တွင် ဆေးဆိုင်ပိုင်ရှင် ၁ ဦးကို စစ်တပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ အောက်တိုဘာ ၃ ရက် မနက်ပိုင်းက ဆေးဆိုင်ပိုင်ရှင် တယောက်ကို စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ရပ်ကွက် မြို့မစျေးမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဦးဘကျော်(ခ)ဦးမောင်မြသိန်းကို မနက် ၁၀ နာရီခွဲလောက်က စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီးသွားတာလို့ မြောက်ဦးမြို့ခံ တယောက်က ပြောပါတယ်။

အသက် ၅၉ နှစ်ရှိ ဦးဘကျော်ဟာ ဘားဘူတောင်၊ တောင်ရပ်ကွက်မှာ ဇနီး၊ သား နှစ်ယောက်၊ သမီးတယောက်နဲ့ အတူနေထိုင်ကာ သူ့ကို ခမရ ၃၇၇ တပ်ရင်းကို ခေါ်သွားကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းက ဒေသခံတွေ၊ သတင်းထောက်တွေနဲ့ ရခိုင်လူမျိုး ဝန်ထမ်းတွေကို ULA/AA နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးနေသလို ရပ်ကွက်၊ ကျေးရွာတွေကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့ တကျော့ပြန် စစ်ပွဲ ဖြစ်တာ အခုဆို တလကျော်လာပြီဖြစ်ပြီး စစ်ဘေးရှောင် ဦးရေဟာလည်း ၂၀၂၂ ခုနှစ်  စက်တင်ဘာ ၅ ရက်အထိ ၇၁၉၄၂ ဦး နေရပ်စွန့်ခွာနေကြရပါတယ်။

ဒီအထဲမှာ မြောက်ဦး၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တို့မှာ  အသစ်ထပ်မံ နေရပ်စွန့်ခွာလာရသူ စစ်ဘေးရှောင် ၄၉၅၉ ဦးရှိကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) စက်တင်ဘာ ၂၆ ရက် ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။

13 mins Ago

December 14, 2020

မြောက်ဦးမြို့နယ် မြတန်ဆောင်စစ်ရှောင်စခန်းတွင် အကူအညီများ လိုအပ်နေ (ဓာတ်ပုံ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်ရှိ စစ်ဘေးရှောင် ၁,၀၀၀ ကျော်ခိုလှုံနေတဲ့ မြတန်ဆောင်စခန်းမှာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စခန်းတာဝန်ခံက “စားနပ်ရိက္ခာတွေအနေနဲ့ ဆန်ကတော့ တစ်ပတ် ဆယ်ရက်စာလောက်ပဲ ကျန်ပါတော့တယ်။ နောက်တခုက ဆောင်းရာသီဆိုတော့ အနွေးထည်တွေ၊ စောင်တွေ လိုတာပေါ့။ လိုအပ်ချက်တွေကတော့ အများကြီးပါ။ ဆန်ကတော့ အဓိက လိုအပ်ချက်ပါပဲ” လို့  ပြောပါတယ်။ ဒီစခန်းမှာ အိမ်ထောင်စု လူဦးရေ ၁,၀၀၀ ကျော် နေထိုင်ကြတာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် မသန်စွမ်းတချို့လည်း ရှိနေပါတယ်။ အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကိုယ်ဝန်ကိုတော့ ဆေးရုံကို သွားပြပါတယ်။ တစ်ကြိမ်သွားပြရင် အနည်းဆုံး ပိုက်ဆံတစ်သောင်းလောက်တော့ ကုန်ပါတယ်။ ကလေးမွေးရတော့မယ်ဆိုတော့ ငွေကြေးအကူအညီတွေလည်း လိုအပ်ပါတယ်။ နောက်ပြီး စောင်တွေ၊ အနွေးထည်တွေ လိုအပ်ပါတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)အကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် နှစ်သိန်းနီးပါးရှိနေပြီး စစ်ဘေးရှောင်စခန်းတချို့မှာ အခက်အခဲ လိုအပ်ချက်များစွာ ရှိနေတယ်လို့ သိရပါတယ်။ Photo - Kaung Mrat Naing / MPA
2 years Ago
Up