close

မွေထိုင်းလက်ဝှေ့ပွဲ

close

October 17, 2022

Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းကျားသစ်မယ် ဘရော်နီကာ ထပ်မံနိုင်ပွဲရ

ထိုင်းနိုင်ငံမှာ အောက်တိုဘာလ ၁၆ ရက်ညက  ကျင်းပတဲ့ Thai Fight မွေထိုင်းလက် ဝှေ့ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကရင်နီအမျိုးသမီးလက်ဝှေ့မယ် ဘရော်နီကာ  (Vero V.Rujirawong) က  ပြိုင်ဘက် ဘရားဇီးနိုင်ငံသူ မာရီယာနာကို အလဲထိုး အနိုင်ရရှိသွားပါတယ်။

မနေ့ညကပွဲမှာ ဘရော်နီကာဟာ ဘယ်ညာတွဲလုံး လက်သီးချက်တွေ၊ တံတောင်ရိုက်ချက်တွေနဲ့ ခြေကန်ချက်တွေအစုံသုံးပြီး ပြိုင်ဘက် ဘရာဇီးလက်ဝှေ့မယ်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချီမှာတော့ ဘရော်နီကာက ပြိုင်ဘက်ရဲ့ မျက်နှာကိုထိုးနေရာကနေ နံကြားကို အားပြင်းတဲ့ ဘယ်လက်သီးတစ်လုံးပစ်သွင်း လိုက်ရာမှာတော့ ပြိုင်ဘက်လက်ဝှေ့မယ် မခံနိုင်တော့ပဲ လဲကျသွားတဲ့အတွက် ဘရော်နီကာက အနိုင်ရသွားပါတယ်။ 

ပြိုင်ဘက် ဘရားဇီးနိုင်ငံသူ မာရီယာနာဟာ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲတွေမှာ  နိုင်ပွဲပေါင်း ၂၅ ပွဲရရှိထားသူဖြစ်ပြီး မနေ့ညက ပြိုင်ပွဲမှာတော့ ဘရော်နီကာကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘရော်နီကာဟာ လက်ရှိအချိန်ထိ  ပွဲပေါင်း ၃၀ ကျော် ကစားခဲ့ရာမှာနိုင်ပွဲ ၁၆ ပွဲ၊ ရှုံးပွဲ ၂ ပွဲ၊ သရေ ၁၇ ပွဲ ဖြစ်ပါတယ်။  Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွေမှာတော့ သူဟာ ၆ ပွဲဆက်တိုင် အနိုင်ရထားပါတယ်။

1 hour Ago

June 27, 2022

Thai Fight မွေထိုင်းလက်ဝှေ့ပွဲတွင် ကယန်းကျားသစ်မယ် ဘရော်နီကာ ထပ်မံအနိုင်ရ

ထိုင်းနိုင်ငံမှာ ဇွန် ၂၆ ရက်ညက ယှဉ်ပြိုင်ထိုးသတ်သွားတဲ့ Thai Fight မွေထိုင်းလက်ဝှေ့ ပြိုင်ပွဲမှာ ကယန်းကျားသစ်မယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံက ကရင်နီ အမျိုးသမီးလက်ဝှေ့သမား ဘရော်နီကာ  (Vero V.Rujirawong)  က  ပြိုင်ဘက် နာမည်ကြီး ထိုင်းအမျိုးသမီးလက်ဝှေ့သမား Plaifah Sor.Nithaya ကို ဒုတိယအချီမှာ အလဲထိုး အနိုင်ရရှိသွားပါတယ်။

အသက် ၂၇ နှစ်အရွဘ် ထိုင်းလက်ဝှေ့မယ် Plaifah Sor.Nithaya ဟာ ပြိုင်ပွဲ ၈၀ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပွဲ ၅၀ ပွဲအနိုင်ရထားကာ ၂၈ ပွဲ ရှုံး၊  သရေ ၂ ပွဲကျ ရှိထားတဲ့ သူဖြစ်ပြီး ထိုင်းနိုင်ငံမှာလည်း နာမည်ကြီးတဲ့ လက်ဝှေ့မယ် ဖြစ်ပါတယ်။

ဘရော်ရီကာကတော့ အခုနှစ်မှာမှ ထိုင်းနိုင်ငံမှာ မွေထိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ဒီကနေ့ အထိ ရှံးပွဲမရှိဘဲ ဆက်တိုက်အနိုင်ရရှိထားသူဖြစ်ပြီး မနေ့ညကပွဲမှာလည်း ထိုင်းလက်ဝှေ့မယ် Plaifah ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ရခဲ့ပါတယ်။

ဘရော်နီကာဟာ  Thai Fightရဲ့ ၅  ပွဲမြောက် ဆက်တိုက်အနိုင်ရတာဖြစ်သလို ကမ္ဘာ့အဆင့် မွေထိုင်းမှာ နံပါတ် ၁ နေရာ ရရှိထားပါတယ်။

ဒီပွဲအနိုင်ရတဲ့အပေါ် ဘရော်နီကာက “ ပျော်တယ်ဆိုတာက ဘယ်လိုပြောရမလဲ။ အခုချိန်ထိ ကိုယ်က နံပါတ် ၁ ကို ထိန်းသိန်းနိုင်တဲ့အတွက် အဲဒီအတွက်ကို အရမ်းကို ပျော်ခဲ့တယ်။”

Plaifah ကို ပထမအချိန် ရိုးရာမှာ ထိုးခဲ့ဖူးပြီး အနိုင်ရရှိခဲ့သလို အခုတခေါက်လည်းထပ်ပြီနိုင်ရသွားတာလို့လည်း ပြောပါတယ်။

“ပထမ တခေါက် ရိုးရာမှာ သူ့နဲ့ထိုးဖူးတယ်လေ။ ရိုးရာမှာ ဒုတိယအချီနဲ့ နိုင်ထားတယ်ဆိုတော့ ဒီတခေါက်လည်း ကိုယ်နိုင်မှရမှာ ဘာလို့လဲဆိုတော့ကိုယ်က အခု ထိုင်းမှာနံပတ် ၁ ဖြစ်နေတယ်ဆိုတော့လေ။ အဲဒါကြောင့် သူ့ကိုနိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ အစကတည်းကတွေးထားတာပေါ့နော်။ တကယ်တမ်းကျတော့ နေမကောင်းဘူး။ နည်းနည်းတော့ စိုးရိမ်စိတ်တော့ရှိသွားတာပေါ့။ အခု ကိုယ်နိုင်သွားတော့ ပျော်တာပေါ့နော်။”

မနေ့ညက ယှဉ်ပြိုင်တဲ့ Thai fight အမျိုးသားပွဲစဉ်မှာတော့  ထိုင်းနာမည်ကြီး လက်ဝှေ့သမား တန်နွန်က  မြန်မာလက်ဝှေ့သမား ထွန်းမင်းလတ်ကို အနိုင်ရသွားပါတယ်။

4 months Ago
Up