close

မှော်ဘီမြို့

close

March 28, 2023

ရန်ကုန်တိုင်း မှော်ဘီမြို့အနီး ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့အနီးကို ဗဟိုပြုပြီး  ပြင်းအား ရစ်ချ်တာစကေး  ၃ ဒသမ ၇ ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု မတ်လ ၂၈ ရက် ဒီကနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

အဲဒီငလျင်ဟာ ဒီနေ့ နေ့လယ်  ၁ နာရီ ၂၂ မိနစ် ၂၄ စက္ကန့်အချိန်က မြန်မာပြည်တွင်း  မှော်ဘီမြို့နဲ့ ၁၂ မိုင်ခန့်အကွာ အနက် ၁၅ ကီလိုမီတာကို  ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်း လသာ၊ အလုံ၊ ကမာရွတ်၊ တာမွေ၊ သင်္ဃန်းကျွန်း၊ မရမ်းကုန်း၊  စတဲ့မြို့နယ်တချို့က အထပ်မြင့်တိုက်တွေမှာနေတဲ့သူတွေနဲ့  ရွှေပြည်သာ၊  လှည်းကူး၊ တိုက်ကြီး  ပြည်သူတွေ  သိရှိခံစားခဲ့ရပါတယ်။

ရန်ကုန်မြို့ခံတဦးက “ကျမတို့က ၂ လွှာဆိုတော့ မသိမသာလေး ခံစားရတယ်။ အထပ်မြင့်နေတဲ့ မိတ်ဆွေတွေကတော့ ကြမ်းတယ်လို့ ပြောကြတယ်”လို့ ပြောပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိတဲ့ သတင်းတွေကိုတော့ မကြားသိရပါဘူး။

3 mins Ago

October 12, 2022

မှော်ဘီမြို့ စစ်မှုထမ်းဟောင်းအိမ်ရာ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့မှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတဲ့ကြားက အောက်တိုဘာ ၁၂ ရက် ည ၇ နာရီလောက်က ရဲဘော်စျေးမှတ်တိုင် (မှော်ဘီ) အနီး စစ်မှုထမ်းဟောင်းအိမ်ရာကို Gurdians UG မှော်ဘီရင်သွေးတပ် (HYA)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ "ဒေါင်းအလံလွှင့်" စစ်ဆင်ရေး mission က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်ဆင်ရေးဟာ စစ်ကောင်စီ နဲ့ ပတ်သက်ဆက်နွှယ်သူတွေ၊ ဒေါက်တိုင်တွေကို ရှင်းလင်းသွားမယ့်အကြောင်း ကြိုတင်သတိပေးတဲ့အနေနဲ့ အဝေးထိန်းမိုင်း နဲ့ သတိပေးတာလို့ ဆိုပါတယ်။

ဖောက်ခွဲမှုအတွင်း စစ်မှုထမ်းဟောင်းအိမ်ရာအတွင်းက  စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်သူတွေ ထိမှန်နိုင်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတွေ လာရောက်စစ်ဆေးခဲ့တယ်လို့Gurdians UG အဖွဲ့တာဝန်ခံက ပြောပါတယ်။

Gurdians UG အဖွဲ့အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ စစ်အုပ်ချုပ်ရေးယန္တရားတွေ၊ ဒေါက်တိုင်တွေ၊ စစ်ကောင်စီ နဲ့ ပတ်သက်နေသူမှန်သမျှကို မဟာမိတ်အဖွဲ့တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် mission ပြုလုပ်တဲ့နေရာမှာ အချိန်ယူလုပ်ဆောင်ရသလို mission လုပ်ဆောင်ပြီးတိုင်း လုံခြုံရေးအခြေအနေအရ နေရာပြောင်းရွှေ့ရတဲ့အတွက် UG ရဲဘော်တွေရဲ့ နေထိုင်စားသောက်စရိတ်အတွက် အခက်အခဲတွေရှိတယ်လို့ Gurdians UG အဖွဲ့တာဝန်ခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ  ၁၆ ရက် ည ၈ နာရီလောက်က သင်္ကန်းကျွန်းမြို့နယ်တရားရုံးရှေ့မှာ သွေးမအေးကြောင်း၊ ပြည်သူတွေနဲ့အတူ ပြတ်သားစွာရပ်တည်ကြောင်း၊ လွတ်လပ်ခြင်းနဲ့ တရားမျှတမှုအတွက် အဝေးထိန်းမိုင်း နဲ့ ဖောက်ခွဲခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေက တရားရုံးလုံခြုံရေးဂိတ်အနီးရှိနေပေမယ့် အန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

6 months Ago
Up