ဂျပန်အစိုးရဟာ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်အဖြစ် ဂျပန်ငွေယန်း ၁၁၄ ဒသမ ၄ ထရီလီယံ ( ဒေါ်လာအားဖြင့် ၈၆၃ ဘီလီယံတန်ဖိုး) ရှိ စံချိန်တင်ဘတ်ဂျက်ကို ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။
ဒါဟာ ဂျပန်မှာ စစ်ရေးဆိုင်ရာအသုံးစရိတ်တိုးလာမှုနဲ့ ခပ်မြန်မြန် များပြားလာတဲ့ သက်ကြီးရွယ်အို ဦးရေအတွက် လူမှုဖူလုံရေးစရိတ် မြင့်မားတာတွေကြောင့် ဖြစ်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါ အစိုးရအဖွဲ့က ပြီးခဲ့အစည်းအဝေးမှာ ဒီအသုံးစရိတ်ဘတ်ဂျတ်ကို အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ လက်ရှိဘဏ္ဍာရေးနှစ်အသုံးစရိတ် ယန်း ၁၀၇ ဒသမ ၆ ထရီလီယံကနေ ထပ်တိုးလာသမျှဟာ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်အတွက် ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါဟာ ၅ နှစ်အတွင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့ ၂ ရာခိုင်နှုန်းကို နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးဖို့ ရည်မှန်းထားပြီး ဒါဟာ အမြဲယုံကြည်မှု လွန်ကဲနေတဲ့ တရုတ်နိုင်ငံနဲ့ ခန့်မှန်းရခက်တဲ့ မြောက်ကိုးရီယားနိုင်ငံတို့နဲ့ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၆ ဒသမ ၈ ထရီလီယံ သုံးစွဲဖို့ ခန့်မှန်းထားတာဖြစ်ပြီး ဒီနှစ်ဘတ်ဂျက် ယန်း ၁ ဒသမ ၄ ထရီလီယံ ကနေ ထပ်တိုးသွားတာပါ။
ဂျပန်အစိုးရအနေနဲ့ သူ့ရဲ့ ၅ နှစ်တာ ကာကွယ်ရေးတည်ဆောက်မှု အစီအစဉ်အတွက် နောက်ထပ် ယန်း ၃ ဒသမ ၄ ထရီလီယံကိုလည်း သပ်သပ် ဖယ်ထားတယ်လို့ သိရပါတယ်။