close

နိုင်ငံတော်အသုံးစရိတ် ယန်း ၁၁၄ ထရီလီယံကျော် ဂျပန်အတည်ပြု

ဂျပန်အစိုးရဟာ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်အသုံးစရိတ်အဖြစ် ဂျပန်ငွေယန်း ၁၁၄ ဒသမ ၄ ထရီလီယံ ( ဒေါ်လာအားဖြင့် ၈၆၃ ဘီလီယံတန်ဖိုး) ရှိ  စံချိန်တင်ဘတ်ဂျက်ကို ဒီဇင်ဘာ ၂၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ဂျပန်မှာ စစ်ရေးဆိုင်ရာအသုံးစရိတ်တိုးလာမှုနဲ့ ခပ်မြန်မြန် များပြားလာတဲ့ သက်ကြီးရွယ်အို ဦးရေအတွက် လူမှုဖူလုံရေးစရိတ် မြင့်မားတာတွေကြောင့် ဖြစ်ပါတယ်။ 

ဂျပန်ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါ အစိုးရအဖွဲ့က ပြီးခဲ့အစည်းအဝေးမှာ ဒီအသုံးစရိတ်ဘတ်ဂျတ်ကို အတည်ပြုခဲ့တာဖြစ်ပြီး ဒါဟာ လက်ရှိဘဏ္ဍာရေးနှစ်အသုံးစရိတ် ယန်း ၁၀၇ ဒသမ ၆ ထရီလီယံကနေ ထပ်တိုးလာသမျှဟာ ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်အတွက် ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဖူမိယိုကီရှီဒါဟာ ၅ နှစ်အတွင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ရဲ့  ၂ ရာခိုင်နှုန်းကို နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးဖို့ ရည်မှန်းထားပြီး ဒါဟာ အမြဲယုံကြည်မှု လွန်ကဲနေတဲ့ တရုတ်နိုင်ငံနဲ့ ခန့်မှန်းရခက်တဲ့ မြောက်ကိုးရီယားနိုင်ငံတို့နဲ့ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျတ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ယန်း ၆ ဒသမ ၈ ထရီလီယံ သုံးစွဲဖို့ ခန့်မှန်းထားတာဖြစ်ပြီး ဒီနှစ်ဘတ်ဂျက် ယန်း ၁  ဒသမ ၄ ထရီလီယံ ကနေ ထပ်တိုးသွားတာပါ။ 

ဂျပန်အစိုးရအနေနဲ့  သူ့ရဲ့ ၅ နှစ်တာ ကာကွယ်ရေးတည်ဆောက်မှု အစီအစဉ်အတွက် နောက်ထပ် ယန်း  ၃ ဒသမ  ၄ ထရီလီယံကိုလည်း သပ်သပ် ဖယ်ထားတယ်လို့ သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up