close

ယာအိုဖိလစ်

close

January 12, 2023

ချဲလ်ဆီး၏ရည်မှန်းချက်ကို ကူညီပေးနိုင်ရန် မျှော်လင့်ဟု ယာအိုဖိလစ်ပြော

ချဲလ်ဆီးအသင်းရဲ့ ရည်မှန်းချက်တွေကို ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်း တိုက်စစ်မှူး ယာအို ဖိလစ်က ပြောပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ စပိန်ကလပ် အက်သလက်တီကိုကနေ ၆ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းက အငှားစာချုပ်ကြေး ပေါင် ၉ သန်း ပေးချေခဲ့ရပေမဲ့ ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်တော့ မပါဝင်ပါဘူး။

အသင်းနဲ့အတူ စာချုပ်ချုပ်ဆိုအပြီးမှာတော့ ချဲလ်ဆီးအသင်းက ကမ္ဘာပေါ်မှာ အကြီးကျယ် အခမ်းနားဆုံး အသင်းတသင်းဖြစ်ပြီး အသင်းရဲ့ရည်မှန်းချက်တွေအတွက် ကူညီပေးနိုင်ဖို့ မျှော်လင့်ကြောင်း ဖိလစ်က ပြောပါတယ်။

“ဒီအသင်းဆီ ပြောင်းရွှေ့လာရတာ အလွန်ပဲပျော်ရွှင်ရသလို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမှာကလည်း စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မယ်” လို့ ယာအိုဖိလစ်က ပြောပါတယ်။

အသက် ၂၃ နှစ်ရှိ ယာအိုဖိလစ်ဟာ ချဲလ်ဆီးအသင်းမှာ ကျောနံပါတ် ၁၁ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။

17 mins Ago

January 11, 2023

ယာအိုဖိလစ်နေရာအတွက် ဒီပေးနှင့် အစားထိုးရန် အက်သလက်တီကို ကြိုးပမ်း

စပိန်ကလပ် အက်သလက်တီကိုအသင်းဟာ ယာအိုဖိလစ်နေရာအတွက် ဘာစီလိုနာတိုက်စစ်မှူး မန်ဖစ် ဒီပေးကို ခေါ်ယူဖို့ ဆွေးနွေးနေပါတယ်။

တိုက်စစ်မှူး ယာအိုဖိလစ်ဟာ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရခဲ့တာကြောင့် ဘာစီလိုနာမှာ အဆင်မပြေဖြစ်နေတဲ့ ဒီပေးကို ခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။

ဒီပေးဟာ ဘာစီလိုနာအသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်တော့ခြင်းမရှိကြောင်း နည်းပြ ဇာဗီက ပြောဆိုထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

ဒီပေးဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်လို့ ဘာစီလိုနာဘက်က ရတဲ့ဈေးနဲ့ ရောင်းချနိုင်လို့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ ရှိနေပါတယ်။

23 hours Ago
Up