အရန်ဂိုးသမားနှစ်ဦးအပေါ် ယုံကြည်မှုအပြည့်အဝရှိကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောပါတယ်။
မနေ့ညက လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသမား နစ်ပုတ်က တိုက်ရိုက် အနီကတ်ပြသခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါကြောင့်လာမယ့် တနင်္ဂနွေနေ့မှာ မန်ယူအသင်းနဲ့ ကစားရမယ့် EFL ဖလားဗိုလ်လုပွဲစဉ်မှာ အရန်ဂိုးသမားတွေထဲက တဦးကို အသုံးပြုရတော့မှာပါ။
ဒုတိယဦးစား ပေးဂိုးသမားဖြစ်သူ ဒူဘရက်ကာဟာလည်း မန်ယူအသင်းဆီကို ရာသီဝက်ကြာ အငှားထွက်ကစားစဉ်က လိဂ်ဖလားပွဲမှာ ပါဝင်ကစားခဲ့ဖူးလို့ ပါဝင်ကစားခွင့်ရမှာမဟုတ်ပါဘူး။
ဒါကြောင့် တတိယဦးစားပေး ဂိုးသမား လိုရစ်ကားရီးယက်စ်နဲ့ စတုတ္ထဦးစားပေးဂိုးသမား ဂဲလ်လက်စ်ပီတို့ နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ရတော့မှာပါ။
အဲဒီဂိုးသမား နှစ်ဦးဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲအဆင့်ပွဲစဉ်တစ်ပွဲမှ မကစားခဲ့ရ သေးပေမဲ့ ဗိုလ်လုပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ အပြည့်အဝယုံကြည်ကြောင်း နည်းပြ အက်ဒီဟောင်းက ပြောပါတယ်။
ယုံကြည်မူရှိလို့သာ အသင်းနဲ့အတူပူးပေါင်းလေ့ ကျင့်စေတာဖြစ်ပြီး ဗိုလ်လုပွဲစဉ်မှာ ဘယ်ဂိုးသမားကို ရွေးချယ်မလဲဆိုတာကတော့ နည်းပြ အက်ဒီဟောင်းက ထုတ်ဖော် ပြောသွားခြင်းမရှိပါဘူး။
လီဗာပူးအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရ တာပါ။
နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပေမဲ့ လက်ရှိအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ် တယ်လို့ နည်းပြကလော့ပ်က ပြောခဲ့တာပါ။
“အသင်းသားတွေအပေါ် ယုံကြည်မူပျောက်ဆုံး တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တိုးတက်မှုရှိလာဖို့တော့လိုတယ်။ ဒီလိုဖြစ်ဖို့ပဲ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်နေရတာပါပဲ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။
အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြဖို့အတွက်လည်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် လိဂ်အဝေးကွင်း ၃ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။