close

လီဗာပူးအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဟု နည်းပြယာဂန်ကလော့ပ်ပြော

လီဗာပူးအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း နည်းပြယာဂန်ကလော့ပ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရ တာပါ။

နောက်ဆုံးကစားခဲ့တဲ့  ၇ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပေမဲ့ လက်ရှိအသင်းအပေါ် ယုံကြည်မှုရှိနေဆဲဖြစ် တယ်လို့ နည်းပြကလော့ပ်က ပြောခဲ့တာပါ။

“အသင်းသားတွေအပေါ် ယုံကြည်မူပျောက်ဆုံး တာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ တိုးတက်မှုရှိလာဖို့တော့လိုတယ်။ ဒီလိုဖြစ်ဖို့ပဲ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်နေရတာပါပဲ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။

အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြဖို့အတွက်လည်း လုပ်ဆောင်နိုင်စွမ်းရှိကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် လိဂ်အဝေးကွင်း ၃ ပွဲ ဆက်တိုက်ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ 

Up