close

ယူကရိန်း

close

March 10, 2022

ပြည်သူ ၃ သောင်းခွဲခန့်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးပြီးဟု ယူကရိန်းသမ္မတပြော

ယူကရိန်းမြို့ သုံးမြို့ကနေ ပြည်သူ ၃၅,၀၀၀ လောက်ကို လူသားချင်းစာနာမှု စင်္ကြံလမ်းတွေကနေတဆင့် မတ်လ ၉ ရက်က ဘေးကင်းရာ ရွှေ့ပေးခဲ့ပြီးပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇလန်းစကီးက ပြောလိုက်ပါတယ်။

အာဏာပိုင်တွေဟာ နောက်ထပ် စင်္ကြံလမ်း ၆ လမ်းကို မတ်လ ၁၀ ရက်မှာ ဖွင့်ပေးဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

အကြီးအကျယ် ဗုံးကြဲခံခဲ့ရတဲ့ မာရိုင်ပူနဲ့ အစ်ဇီယံမြို့တွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်ထားမယ်လို့ ဇလန်းစကီးက ရုပ်သံမိန့်ခွန်းထဲမှာ ပြောပါတယ်။

ပိတ်မိနေတဲ့ အရပ်သားတွေ မြို့ထဲကနေ ထွက်ပြေးနိုင်ဖို့ အပစ်အခတ် ရပ်ထားဖို့ ရုရှားက ကတိပြုထားပေမဲ့ ဗုဒ္ဓဟူးနေ့က မာရိုင်ပူမြို့ထဲမှာ ကလေးဆေးရုံတခု ဗုံးကြဲခံခဲ့ရပါတယ်။

ကိယက်ဗ်ဒေသထဲက မြို့တွေနဲ့အတူ စူမွေနဲ့ အီနာဂိုဒါမြို့တွေကနေ အရပ်သား ၃၅,၀၀၀ လောက် စွန့်ခွာလာခဲ့တယ်လို့ ဇလန်းစကီးက ပြောပါတယ်။

စူမွေမြို့က အများစုဖြစ်တဲ့ ပြည်သူ ၄၈,၀၀၀ လောက်ကို လူသားချင်းစာနာမှု စင်္ကြံလမ်းတွေကနေတဆင့် ဘေးကင်းရာ ရွှေ့ပေးပြီးပြီလို့ သမ္မတရုံး ဒုအကြီးအကဲကို ကိုးကားပြီး အင်တာဖက်စ် ယူကရိန်း သတင်းဌာနက ပြောပါတယ်။

12 mins Ago

July 11, 2019

ယူကရိန်းနှင့် နေတိုး ကမ်းတက်မရိမ်းတပ် စစ်ရေးလေ့ကျင့်

ယူကရိန်းနဲ့ နေတိုး ကမ်းတက် မရိမ်းတပ်တွေဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းက ကမ်းခြေနဲ့ ပင်လယ်ပြင်တွေမှာ ဆက်ပြီး စစ်ရေးလေ့ကျင့်နေပါတယ်။ "Sea Breeze 2019" လို့ နာမည်ပေးထားတဲ့ နိုင်ငံပေါင်းစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက စစ်သည် အယောက် ၃၀၀၀ ကျော်၊ စစ်သင်္ဘော ၃၃ စီးနဲ့ လေယာဉ် ၂၆ စီးတို့ ပါဝင် လေ့ကျင့်နေတာပါ။ ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ သြဒက်စာမှာ ဇူလိုင် ၁ ရက်ကနေ ၁၂ ရက်ထိ လေ့ကျင့်နေတဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။ တောင်ပိုင်း မီကိုလာယစ်ဗ်ဒေသက တိုက်ခိုက်ရေး သင်္ဘောပေါ်ကနေ စစ်သည်တွေ ဆင်းပြီး ရန်သူရဲ့ ခံကတုပ်ကို သိမ်းပိုက်ပုံ လေ့ကျင့်ကြတာပါ။ အမေရိကန်တပ်ဖွဲ့ဝင်တွေ၊ ယူကရိန်းကြည်းတပ်နဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ဒေသတွင်း လေယာဉ်ကွင်းထဲမှာ ဇူလိုင် ၉ ရက်က လေကြောင်း စစ်ရေးလေ့ကျင့်ကြပါတယ်။ လေထီးခုန်ကျွမ်းကျင်မှု၊ ဘေးကင်းရာ ရွှေ့ပြောင်းရေးနဲ့ မြေပြင်ပေါ်က ပစ်မှတ်တွေကို လေကြောင်းကနေ ပစ်ခတ်တာတွေ လေ့ကျင့်ခဲ့ပါတယ်။ ဒီလေ့ကျင့်ခန်းမှာတော့ ယူကရိန်းနဲ့ အမေရိကန်ရေတပ် စစ်လေယာဉ် ၁၃ စီးနဲ့ ရဟတ်ယာဉ် ၁၀ စီး ပါဝင်လေ့ကျင့်ခဲ့ပါတယ်။ ပင်လယ်နက်ဒေသ တည်ငြိမ်ရေး သေချာစေဖို့ မိတ်ဘက်နိုင်ငံတွေက စစ်တပ်တွေကြား စိတ်ပိုင်းဖြတ်မှုကို ထင်ထင်ရှားရှား သရုပ်ပြဖို့၊ ပေါင်းစပ်တုံ့ပြန်နိုင်စွမ်းကို အားဖြည့်ဖို့ ပူးပေါင်းစစ်ဆင်နိုင်စွမ်းနဲ့ အခြေအနေအလိုက် ပြောင်းလဲနိုင်စွမ်းကို တိုးမြှင့်ဖို့ ပုံစံထုတ် လေ့ကျင့်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
3 years Ago
Up