close

ယူအီးအက်ဖ်အေ

close

March 24, 2023

ဒိုင်ကိုလာဘ်ထိုးမှု စွပ်စွဲချက်ဖြင့် ဘာစီလိုနာကို ယူအီးအက်ဖ်အေက တရားဝင်စစ်ဆေး

စပိန်ဒိုင်လူကြီးတွေကို ငွေကြေးလာဘ်ထိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဘာစီလိုနာအသင်းကို ယူအီးအက်ဖ်အေကပါ တရားဝင်စစ်ဆေးနေပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်က စတင်စစ်ဆေး ခဲ့တာဖြစ်ပြီး ယူအီးအက်ဖ်အေကပါ စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး စစ်ဆေးတော့မှာဖြစ်ပါတယ်။

ပြစ်မှုထင်ရှားမယ်ဆိုရင်တော့ ဘာစီလိုနာအသင်းကို ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲယှဉ် ပြိုင်ကစားခွင့် ပိတ်ပင်နိုင်ပါတယ်။

စပိန်တရားရုံးတွေရဲ့ စစ်ဆေးတွေ့ရှိချက်အရ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း စပိန်ဘောလုံးဒိုင်လူကြီးများ ကော်မတီဒုတိယဥက္ကဋ္ဌ ဆီကို ပေါင် ၆ ဒသမ ၄ သန်း ငွေလွှဲခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ပါတယ်။

ယူအီးအက်ဖ်အေကတော့ ဘာစီလိုနာအနေနဲ့ ဥရောပပြိုင်ပွဲတွေမှာ လုပ်ပွဲကစားခဲ့ဖွယ်ရှိတယ်လို့ သံသယရှိနေတာဖြစ်ပါတယ်။

3 mins Ago

May 11, 2022

အောင်မြင်မှုသမိုင်းကြောင်းကြည့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပေးမည့်အပေါ် ပရိသတ်များဝေဖန်

အောင်မြင်မှုသမိုင်းကြောင်းကို ကြည့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာပေးမယ့် ယူအီးအက်ဖ်အေရဲ့ အစီအစဉ်အပေါ် ဘောလုံးပရိသတ်တွေက ဝေဖန်နေကြပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် အမှုဆောင်ကော်မတီဝင်တွေဟာ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တဲ့ အသင်းတွေအတွက် သူတို့ရဲ့ အောင်မြင်မှု အစဉ်အလာကို ကြည့်ပြီး အဆင့်သတ်မှတ်ချက်အမြင့်ဆုံး ၂ သင်းကို အုပ်စုအဆင့် တိုက်ရိုက်ကစားခွင့်ပေးဖို့ အဆိုပြုထားပါတယ်။

အဲဒီအစီအစဉ်ကို လာမယ့် ၂၀၂၄ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဖို့ ရှိပေမယ့် ဥရောပတလွှားက ပရိသတ်တွေကတော့ ကန့်ကွက်မှုတွေ လုပ်ဆောင်နေကြပါတယ်။

ယူအီးအက်ဖ်အေရဲ့ အစီအစဉ်သစ်ဟာ ဥရောပလိဂ်တွေထဲမှာ အဆင့်သတ်မှတ်ချက် မြင့်မားတဲ့ အင်္ဂလန်အသင်းတွေအတွက် အကျိုးကျေးဇူးရှိနိုင်ပြီး စုစုပေါင်း ၅ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖွယ် ရှိနေတာပါ။

ယူအီးအက်ဖ်အေဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ၃၂ သင်းကနေ ၃၆ သင်းအထိ တိုးမြှင့်ချင်တာပါ။ အဲဒီထပ်တိုးလေးနေရာမှာ နှစ်နေရာက ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက် ပဉ္စမနေရာက လိဂ်ပြိုင်ပွဲရဲ့ အဆင့် ၃ ရအသင်းနဲ့ ချန်ပီယံလမ်းကြောင်းကနေ ဝင်ခွင့်ရမယ့် ပြည်တွင်းလိဂ်ချန်ပီယံတသင်း တိုးမြှင့်ဖို့လည်း ပါဝင်ပါတယ်။

11 months Ago
Up