close

ယူအေအီး

close

February 19, 2023

ရေတပ်ကာကွယ်ရေးနှင့် ရေကြောင်းလုံခြုံရေးပြပွဲတက်ရန် တရုတ်ရေတပ် ယူအေအီးကို ရောက်ရှိ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရေတပ်က ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားတဲ့ ဖျက်သင်္ဘော နန်နင်းဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် ရေတပ် ကာကွယ်ရေးနဲ့ ရေကြောင်းလုံခြုံရေးပြပွဲ NAVDEX ကို တက်ရောက်ဖို့ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံ အဘူဒါဘီမြို့ကို ဖေဖော်ဝါရီ ၁၇ ရက်က ရောက်လာပါတယ်။ 

အဲဒီမနက်ပိုင်းက ယူအေအီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းယိမင်၊ UAE စစ်ဘက်အရာရှိတွေ၊ ယူအေအီးမှာရှိတဲ့ တရုတ်အသိုက်အဝန်းက ကိုယ်စားလှယ်တွေ အပါအဝင် လူ ၅၀၀ လောက်ဟာ တရုတ်ရေတပ်သင်္ဘော နန်နင်း ဆိုက်ရောက်လာတာကို ကြိုဆိုဖို့ Abu Dhabi မြို့တော်က ဇာယဒ် ဆိပ်ကမ်းမှာ စုဝေးခဲ့ကြပါတယ်။ 

ရေတပ်သင်္ဘော နန်နင်း ဆိပ်ကမ်းကို ချဉ်းကပ်လာချိန်မှာ ယူအေအီး ရေတပ် တီးဝိုင်းက ရိုးရာတေးဂီတနဲ့ ကျော်ကြားတဲ့ တရုတ်ရိုးရာသီချင်း “စံပယ်ပန်း” ကို တီးခတ်ခဲ့ကြပါတယ်။

နန်နင်းဟာ ယူအေအီးစစ်တပ်ရဲ့ ဖိတ်ကြားချက်အရ လာခဲ့တာပါ။ ပြပွဲအတွင်း တရုတ်ရေတပ် သင်္ဘောက အရာရှိတွေနဲ့ အမျိုးသားတွေဟာ နှီးနှောဖလှယ်ပွဲတွေ၊ အပြန်အလှန်လည်ပတ်မှုတွေ၊ အားကစား ပြိုင်ပွဲတွေ၊ UAE ရေတပ်နဲ့ တခြား ချစ်ကြည်ရင်းနှီးဖလှယ်ရေး လှုပ်ရှားမှုတွေကို တခြားနိုင်ငံက သင်္ဘောတွေ နဲ့အတူ ပါဝင်ဆင်နွှဲကြမှာပါ။ 

ပွဲလမ်းသဘင်တွေကို အများပြည်သူအတွက် ဖွင့်လှစ်ထားပါတယ်။ အဘူဒါဘီ ခရီးစဉ်မတိုင်မီ နန်နင်းဟာ ပါကစ္စတန်ရေတပ်က စီစဉ်ကျင်းပတဲ့ အာမန် (Peace)-23 နိုင်ငံစုံရေတပ် လေ့ကျင့်ရေးမှာ  ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၄ ရက်အထိ ပါဝင်ခဲ့ပါတယ်။ 

2 days Ago

January 16, 2023

တောင်ကိုရီးယားသမ္မတ ယူအေအီးသို့ အလည်အပတ်ရောက်ရှိ

တောင်ကိုရီးယားသမ္မတ  ယွန်းဆွတ်ခ်ယိုးဟာ တရားဝင် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံကို ဇန်နဝါရီလ ၁၅ ရက်က စတင် ရောက်ရှိလာပါတယ်။ 

ယူအေအီးသမ္မတ ရှိတ်ခ်မိုဟာမက် ဘင်ဇိုင်းရတ်အယ်လ်နာဟီယန် ကလည်း မြို့တော်အဘူဒါဘီမှာရှိတဲ့ ခါ့စ် အယ်လ်ဝါလ်တန် သမ္မတနန်းတော်မှာ တရားဝင် အခမ်းအနားနဲ့ သမ္မတယွန်းကို လက်ခံကြိုဆိုခဲ့ပါတယ်။ 

ယွန်းနဲ့ဇနီးဖြစ်တို့ဟာ လေးရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွင်း ဇန်နဝါရီ ၁၆ ရက်မှာ ကျင်းပမယ့် ယူအေအီး-တောင်ကိုရီးယားဖိုရမ်အပြီးမှာ သမ္မတယွန်းက မိန့်ခွန်းပြောကြားဖို့ရှိတယ်လို့လည်း မျှော်လင့်ရပါတယ်။

ဒီအလည်အပတ် ခရီးစဉ်အတွင်း ယွန်းက ယူအေအီးတာဝန်ရှိ သူတွေနဲ့ တွေ့ဆုံရင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းနေရာတွေကိုလည်း သွားရောက်ကြည့်ရှုဖို့ရှိပါတယ်။

တောင်ကိုးရီးယားက ဝမ်အုပ်စုရဲ့အဆိုအရ လာမယ့်ဆွေးနွေးမှုတွေအတွင်း နျူးကလီယားစွမ်းအင်၊ ရာသီဥတု ပြောင်းလဲမှု၊ ကျန်းမာရေး၊ အာကာသဆိုင်ရာကဏ္ဍ၊ ခေတ်မှီစိုက်ပျိုးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ထားဆွေးနွေးမယ်လို့ သိရပါတယ်။ 

1 month Ago
Up