close

ရက်ပေါင်း ၁၀၀

close

August 12, 2022

ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပရန် ရက်ပေါင်း ၁၀၀ သာလို

ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပဖို့ ရက်ပေါင်း ၁၀၀ ပဲလိုတော့တဲ့အချိန်မှာ အိမ်ရှင်ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ဩဂုတ် ၁၁ ရက်က ဘောလုံးပရိသတ်တွေ ဘောလုံးစွမ်းရည်ပြသခဲ့ကြပါတယ်။

ဒီအစီအစဉ်ကတော့ ရှောပင်းမောတွေမှာ လူကြီး လူငယ် မရွေး၊ ဘောလုံးချစ်တဲ့ ဘယ်သူမဆို အားလုံးပါဝင်နိုင်တဲ့ အစီအစဉ်မျိုး ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိအောင် ကန်နိုင်သလား၊ အခက်အခဲတွေကို ပညာသားပါပါ ကျော်နိုင်မလား ခြေစမ်း နိုင်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

ဒီပွဲမှာပဲ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကြည့်ခွင့်ရမယ့် လက်မှတ်တွေ မဲဖောက်ပေးပါတယ်။ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံမှာ နိုဝင်ဘာ ၂၀ ရက်နေ့ အခမ်းအနားနဲ့ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး၊ ဖွင့်ပွဲနေ့မှာပဲ အိမ်ရှင် ကာတာနဲ့ အီကွေဒေါအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

2 mins Ago

December 4, 2020

အမေရိကန်ပြည်သူတိုင်း ရက်ပေါင်း ၁၀၀  Mask တပ်ရန်  ဘိုင်ဒင် နှိုးဆော်

အမေရိကန်ပြည်သူတိုင်း နှာခေါင်းစည်း Mask တပ်မယ်ဆိုရင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု သိသိသာသာ လျော့ကျမယ် ယုံကြည်တယ်လို့ ဂျိုးဘိုင်ဒင်က CNN သတင်းဌာနကို ပြောပါတယ်။  ဒါ့အပြင် အစိုးရရုံးဌာနအားလုံးမှာ နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားမယ်လို့လည်း  မစ္စတာ ဘိုင်ဒင်က ပြောပါတယ်။   သမ္မတရာထူးလက်ခံတဲ့ ပထမဆုံးနေ့မှာ အမေရိကန်ပြည်သူတွေကို ရက် ၁၀၀ နှာခေါင်း စည်းတပ်ဖို့ ညွှန်ကြားသွားမယ်လို့ CNN သတင်းဌာန တွေ့ဆုံမေးမြန်းခန်းမှာ ဘိုင်ဒင်က ပြောပါတယ်။  ကာကွယ်ဆေးထိုးတာနဲ့  နှာခေါင်းစည်းတပ်တာက ကိုဗစ်ကူးစက်မှု သိသိသာသာ လျော့ကျသွားမယ်ထင်တယ်လို့  ဘိုင်ဒင်က ပြောပါတယ်။  အမေရိကန်သမ္မတအနေနဲ့ ပြည်သူတွေကို နှာခေါင်းစည်း တပ်ခိုင်းဖို့ ဥပဒေအရ လုပ်ပိုင်ခွင့် မရှိဘူးလို့  ဖွဲ့စည်းပုံကျွမ်းကျင်သူတွေက ပြောဆိုပေမဲ့ ဘိုင်ဒင်ကတော့ သူနဲ့ ကမ်မလာဟဲရစ်တို့ ဟာ စံနမူနာအနေနဲ့ နှာခေါင်းစည်းတပ်ပြမယ်လို့  အင်တာဗျူးအတွင်း ပြောလိုက်ပါတယ်။
2 years Ago
Up