မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ် ပွဲထွက်ပါဝင်နိုင်ရင်လည်း အပြောင်းအလဲတခုခု လုပ်ရန်မရှိကြောင်း ဆီဗီလာနည်းပြ လူးဝစ်မန်ဒီလီဘာက ပြောပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဆီဗီလာနဲ့ ပထမအကျော့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အတွက် မန်ယူလူစာရင်းမှာ ပါဝင်လာခဲ့တာပါ။
ဆီဗီလာနည်းပြ မန်ဒီလီဘာကတော့ ရက်ရှ်ဖို့ဒ် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ဘာတခုမှ အပြောင်းအလဲလုပ်ဖို့မရှိဘဲ မူလစီစဉ်ထားတဲ့ ကစားကွက်နဲ့ နည်းဗျူဟာအတိုင်းသာ ယှဉ်ပြိုင်ကစားမှာဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရက်ရှ်ဖို့ဒ်က အကောင်းဆုံးကစားသမားတဦးဖြစ်ပြီး ပြိုင်ဘက်အသင်းကို လေးစားမှုထားကြောင်း၊ ဒါပေမဲ့ တဦးတယောက်ချင်းကို အာရုံစိုက်ကစားဖို့တော့မရှိကြောင်း ဆီဗီလာနည်းပြက ပြောပါတယ်။
ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာမှာဖြစ်ပြီး အနိုင်ရဖို့ ၅၀-၅၀ ဆတူအခွင့်အရေးရှိကြောင်းလည်း နည်းပြ မန်ဒီလီဘာက ပြောသွားပါတယ်။
ဆီဗီလာအသင်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာရရှိနေတဲ့တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ပြန်လည်ပါဝင်ကစားလာနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ယူနိုက်တက်အသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ရက်ရှ်ဖို့ဒ်ဟာ အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရခဲ့တာဖြစ်ပြီး ဆီဗီလာနဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ ပထမအကျော့ပွဲစဉ် ကိုလွဲချော်ခဲ့ပါတယ်။
သောကြာနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရက်ရှ်ဖို့ဒ် ပြန်လည်ပါဝင်နိုင်မယ်လို့ အတည်မပြုနိုင်သေးပေမဲ့ ပြန်လည်ပါဝင်နိုင်ဖို့ အခွင့်အလမ်းရှိနေ ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့မှာကစားရမယ့် နော်တမ်ဟမ် ဖောရက်စ်နဲ့ပွဲကိုတော့ သေချာပေါက် လွဲချော်မှာဖြစ်ပါတယ်။